လမ်းခွဲစကားမပြောပါနဲ့
ဘယ်တော့မှပျောက်ပျက်မသွားဘူးလို့…ငါတို့အတူသတ်မှတ်ထားခဲ့တဲ့..သစ္စာတရားကို.. မျက်ရည်ခတဲ့..ဝေါဟာရတွေနဲ့…နင်ဖြိုခွင်းခဲ့…. ရာဇ၀င်မှာ..တွင်ကျန်ရစ်မယ့်..အသုံးတော်ခံမုသားတွေကို..ငါမကြားချင်လို့ပါ… နင့်အမိန့်…နင်ရုတ်သိမ်းပါ…။
ဖြစ်ဆဲ…..ပျက်ဆဲ…
အခိုက်အတန့်တစ်ခုရဲ့ခံစားမှုကို…..နှလုံးသွင်းခဲ့တာလား….
တစ်ဘ၀စာအတွက်….မြန်ဆန်တဲ့ပညတ်တစ်ခုကို…နင်…ချခဲ့တာ……
ဒါ…နင့်…နှလုံးသွေးနဲ့သွန်းခဲ့တာမဟုတ်လား….။
စူးရှပြင်းထန်တဲ့….ခပ်ကြမ်းကြမ်းစကားလုံးတွေကို…ကရုဏာသံနဲ့မပြောပါနဲ့လား…. နာကျင်အောင်……ငါ့အသည်းကို….ဖိနင်းထားလိုက်စမ်းပါ…… စုတ်ပြတ်သတ်မသွားသေးတဲ့….အချိန်တစ်ခုထိ….နင်ပြင်ဆင်ခွင့်ရပါတယ်….. တုန်ယင်နေတဲ့….နင့်နှုတ်ခမ်းဖျားအတွက်….ငါမချင့်မရဲ..မဖြစ်ပါရစေနဲ့….။
သစ်ရွက်တွေဝေနေဆဲ…..ငါ့မနက်ဖြန်တွေ…ေ၀၀ါးနေတယ်…
ချွေးစက်တချို့…လစ်ပြေးဖို့ကြိုးစား…တုန်ယင်နေတဲ့လက်အစုံနဲ့..ဖမ်းဆီး… ပုဆိုးနဲ့သုတ်ကာ….အကျဉ်းချလိုက်ပြီ…..
နုနုရွရွ….တယုတယ…ပြုစုပျိုးခဲ့တဲ့ငါ့လက်နဲ့..ငါအသတ်ခံရတယ်…။
ငါ…နောင်တနဲ့တစ်ခုံတည်း…အလုအယက်ထိုင်ရင်း…..
ဒီနေ၀င်ဖို့………..စောင့်နေတယ်….။ ။ ။
Comment #3
hin,,
ei lay ka htet tu wan ne ya de loh so lo dar lay,
bar loak mi loh tone,
1 ke wan ne twar tar moh loh wan ne de pyaw mi tar par,
Comment #4
သေတဲ့အထိမောင့်ကိုချစ်သွားမှာပါ……..လမ်းခွဲတိုင်းမချစ်တော့တာမှမဟုတ်ပဲ
Comment #5
မှတ်ပြီလား…
Comment #6
ကြည်နူးနေကြတုန်းကတော့…မိုးမမြင်လေမမြင်…
ဖုန်းဘက်ထရီတောင်သွင်းလို့အလျင်မမီဘူးနော်..
အခုကျတော့လဲ….မျက်ရည်သုတ်ဖို့လက်ကိုင်ပ၀ါတွေတောင် အလျင်မမီတော့ပြန်ဘူး
နင်တို့ကိုကြည့်ပြီး…တကယ်တရားရတယ်..
အနိစ္စအမြဲမရှိပါလားနော်…
Comment #1
🙁
🙁
🙁