ရင် နင့် လမ်း
နင်ပေးတဲ့လေပြည်ညှင်းတချို့ငါရတယ်
ထိတွေ့ခံစားမှုမဲ့တဲ့ ဘ၀မှာ
သစ်ရွက်တွေဟာ တဖြုတ်ဖြုတ်ကြွေ
ဈာပနာ ဟာ..
ဈာပနာမမြောက်တော့ပဲ
…ပြာတွေအဖြစ်ပျံ့လွင့်ရင်း
တေးသံချိုချိုတွေ ဆိုညည်းနေကြ
လွမ်းလို့ဆိုပြီး
လက်ဖ၀ါးနှစ်ဖက်ကို အယှက်မှာ
မျက်ဝန်းက မျက်ရည်တစ်စက်
ဖျတ်ခနဲ ခြွေလိုက်တယ်
သွားပြီ……….
ဒါ
ခွဲခွာခြင်းရဲ့ သက်သေ
ငါ့ကမ္ဘာ ဟာ တုန်လှုပ်ခြောက်ခြား
အသည်းနှလုံးအူပွတ်တွေ တဆတ်ဆတ် နာကျင်
ဆို့ နင့် ကြေ ကွဲ
မငိုကြေးလို့ 
တယောက်ထဲ ပြောရင်း
ကစားပွဲကို စလိုက်တယ် ..
အဆုံးသတ်မှာနိုင်ရမယ်
ငါ့အနားငါဘာသာ
ကပ်ပြောလိုက်တယ် ဘ၀ ဟာ…တကိုယ်ထဲ
အ ထီး ကျန်
အတိတ်မှ ရုန်းထွက် မယ် ….
ဟစ်ကြွေး…
အနာဂတ်က အသေ….
ငါ …………………
ဒုက္ခကို မီးထွန်းရှာတယ် ..
ရှေ့တိုးမလွယ် နောက်ဆုတ်ခက် ..
ဆုတ်လည်း ဆူး
စားလဲ ရူးမယ့်ဘဝ
ကိုယ့်အကြောင့်းကိုယ်
အိပ်စက်ဖျောက်ရင်း
ငါဟာ..ဘ၀ ကို ပစ်စလက်ခတ် မေ့ပြစ်လိုက်တယ်………
ကံကြမ္မာဟာ စုတ်ပြတ်သတ်
မလွယ်ဘူး..မလွယ်ဘူး
အရိပ်တွေထဲ ပျော်မွေ့ရင်း
ပုံစံခွက်ထဲ ပြုတ်ပြုတ်ကျ…….
လက်အသားမာ … က ခါးသက်
…………………………..မေ့ ပျောက်လိုက်ခြင်း
မေ့ပြစ်လိုက်ခြင်း
……..မေ့သွားခြင်း……………
…………………………………
ဘယ်စကားလုံးက ကျက်သရေ ပိုများသလည်း …
အတွေးမှာ……..
ဆွေးခဲ့ရသမျှ…….
.ဒဿန များစွာ ထဲ ငါဟာ …
နစ်မြုပ်ကြေကွဲရင်း…………………
…အဆိပ်တွေ ……အဆိပ်တွေ…..
အိပ်မက်ထဲထိ……..ရိုက် ခတ် ခဲ့ တယ်
Comment #3
မမိုး…
ပုံစံကွဲပြီး……….ယူထားတဲ့အယူအဆလေး….ကောင်းတယ် အမ
Comment #5
အားပေးသွားပါတယ်ဗျာ
ကဗျာလေးကောင်းတယ်….
Comment #7
Ei lay doe a twat le ma Moe ka are Sae par naw.
😛
Comment #1
🙁
🙁