ဒုတိယည ကဗျာ
သိပ်မများတဲ့…
အိပ်ပျက်ညတွေအတွက်…
ရင်ခုန်သံတွေကိုထားဖို့ နေရာမရှိဘူး….
သံဇဉ်ချိုတဲ့ ဘ၀ကို မရေးစပ်နိုင်သေးသရွေ့ ….
ပျော်ရွှင်စရာတွေ ရေးမယ့်ကဗျာမတွေ့ ဘူး…
လေမှာလွင့်သော….စိတ်ကူးအပိုင်းအစတို့ …
အခိုးအငွေ့ နဲ့ အရောင်မတူဘူး….
မြေမှာပြန့် ကြဲ…နေလောင် ပန်းတို့ 
ခဏတာလှချိန်…
တစ်သက်စာဖြင့်လည်း…ဒီအချိန်လေးကို…
စီခြယ်စွာ စိတ်ရှိတိုင်းကခုန်ပါစေ…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so cute,