Yellow Shaman
Yellow Shaman
ညှို့ယူလှိုက်စွမ်း ၊ပိတောက်ပန်းကား
ပွင့်ဖတ်ဝါဝါ ၊ပွင့်ဝါဝါနှင့်
ဝါပေါ်ဝါဆင့် ၊အလှတင့်၍
ကြည့်မိလေသူ ၊ထိုထိုသူကို
ချမ်းမြေ့ကြည်နူး အတွေ့ထူးအား
ပေးဘိလေသို့……။
ထိုနည်းနှင်နှင်၊
ပိတောက်နှင့်စပ် ၊ပမာထပ်သည့်
သိမ်မွေ့ကျော့ရှင်း ၊ထိုယမင်းကား
အသက်ကယ်တင် ၊ဂရုဏာယှဉ်သည့်
ပေါ်လွင်ကြော့ထူ: ၊UM 2၌
အမှန်ပင်ထင်ရှား ၊ရှိတကား….။
ရှည်လျားအိစက် ၊ဆံနွယ်နက်နှင့်
စူးရှဝင်းလက် ၊သူ့မျက်နက်ကား
မဟာဆန်ဆန် ၊သူ့ဟန်ပန်ကို
ဆင့်၍ထပ်လောင်း ၊ပေါင်းသည့်နှယ်နှယ်
အလှကြွယ်၏…။
ပုလဲပုံတု ၊ဖြူနုဥဝင်း
သူ့အဆင်းနှင့် ၊ပန်းပိတောက်နှယ်
ဝါဝင်းလှပ ၊သင်းမြမွှေးထုံ
သူ့ဝတ်စုံကား ၊တုပြိုင်ဖက်ကင်း
အေးမြခြင်း၌ ၊လွန်စွာဂုဏ်တောက်
ဖြိုးမောက်ထုံသင်း ၊ပျံ့လွင့်ခြင်းအား
ဆင့်၍ထပ်လောင်း ၊ပေါင်းသည့်နှယ်နှယ်
အလှကြွယ်၏…။
လျှောက်ပုံလျှောက်လာ ၊ထူးခြားစွာဖြင့်
စွဲဆောင်လေဘိ ၊ဘဝင်ထိသော်
ယစ်မူးထိုင်းထုံ ၊အလှစုံ၌
ဦးလည်မသုံ ၊ပီတိအဟုန်ဖြင့်
ပေးခဲ့နာမည်….။
ချောမွေ့ကြည်နူး ၊ပသာဒထူးကို
ထိုထို အစုစု ၊အလှထု၌
ကျက်စားအခါအခါ ၊ရစ်ဖွဲ့ကာလည်း
ရမ္မက်မနှင်း ၊တပ်မက်ကင်းဖြင့်
ရိုးသားဂုဏ်ရင်း ၊ပမာနှင်းသော်
နေခြည်ဖြာလက် ၊ရောင်ခြည်စက်လည်း
မှောင်မဲဖုံးလု ၊တိမ်မှောင်ထုအား
ထက်သန်ပျိုးမောက် ၊ထိုးဖောက်လာဟန်
မshaman……။
shaman=someone who heals persons with magical spells and natural powers
nic-mic-sic
Comment #2
Shammy also could hurt with spell xD
whatever – i wish too, she might see it x)

Comment #3
edit mar pyan pyin lite tar gyi ..

Comment #7
woe,,,,
woe,,,
woe,,,,
😛
extremely like,
extremely love.

Comment #8
လှတယ်နော်

Comment #9
Uနောက် တစ်ခါ ချစ်ကံကောင်းနိုင်ပါစေ တို့ဆုတောင်းပါတယ်

Comment #10
သိပ်ကြိုက်သွား ပြီ
facebook မှာshareပါရစေ

Comment #1
ဒီကဗျာကို အပိုဒ်ခွဲပြီးရေးထားတာဗျ
ဒီမှာတင်လိုက်တော့ အပိုဒ်လိုက်ကြီးဖြစ်သွားတယ်
How did it go?