Professional Authors

ခေါက်ရိုးကျိုးနေတဲ့ ဆုံးမစာ (ရင်တွင်းမှမြစ်ဖျားခံသော…)

8:00…8:05…8:15…8:30pm …….
နာရီတွေသာ တရွေ.ရွေ.နဲ.
ခရီးအတော်ပေါက်ခဲ့ပါရော့လား…
ရောက်နေဆဲ နေရာမှာဘဲ ရပ်နေခဲ့တာတော့
ငါ့ရဲ. ခေါက်ရိုးကျိုးနေ.ရက်တွေဘဲ…

ဘောင်ခတ်ထားတဲ့ မှန်ချပ်ရှေ.
ရွေ.နေတဲ့ အချိန်တွေကြား
တည်မြဲမှု တခု…
အမြဲတမ်းဘဲ ပိုင်ဆိုင်နိုင်တော့မယ်အချိုးမျိုးနဲ.
ငါ ….

မြင်ချင် ကြားချင် ဆုံချင်တာလေး သုံးခုအတွက်
အမုန်းဆုံးအလုပ်တခုလို. ခေါင်းစဉ်တပ်ခဲ့တဲ့အရာ…
ခုချိန်မှာတော့ ငါအမြဲသောက်တဲ့ကော်ဖီလိုဘဲ
စောင့်ဆိုင်းခြင်းကို သောက်သုံးတတ်ခဲ့တာ ကြာလှပေါ့…
ခါးမယ်ထင်ထားတာ ချိုမြိန်နေလို.ပါလား…

မနေ.က …
ကြောက်နေခဲ့မိတဲ့ အရာတခု
သွားပီးခလုတ်တိုက်ခဲ့တယ်လေ..
သွေးမထွက်ဘူး…မျက်ဝန်းတ၀ိုက်မှာတော့ ရွှဲစိုသွားတယ်
ဒဏ်ရာမရှိဘူး…နာကျင်စူးနင့်ရတယ်

ခလုတ်တိုက်မိတဲ့ ငါ့အမှား …
ငါ့ဘာသာ ငါပြန်ပြင်ရဦးမယ်…
အမှတ်မှမရှိဘဲ…
နင်ဘယ်တုန်းက ဖြစ်ချင်တာဖြစ်ခွင့်ရခဲ့လိုလား...
မလုပ်ချင်တာကို ဘဲ လုပ်ပီး အပြစ်ပေးထားတာ…
မလုံလောက်သေးဘူးဘဲ…

ကွဲနေတဲ့ မှန်ချပ်ထဲ နင့်ကို နင်ပြန်ကြည့်ဦး…
နင်ဆိုတာ နင်မှ ဟုတ်ရဲ.လား…
နင်ဘယ်သူလဲ??? ( 9.7.2012 – 9:15 pm )

In: ကဗျာ Posted By: Date: Jul 9, 2012
Comment #1

မိုက်တယ်ဗျာ

commentinfo By: loafer at Jul 10, 2012
Comment #2

right,
it’s strange,
our body is of water but when we hurt,blood comes out,
our heart is full of blood but when we hurt,water comes out from eyes,

commentinfo By: ei lay at Jul 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment