ဘယ်သူကြောင့်လဲ…
အချစ်မရှိတဲ့ ဘဝကြီးမှာ
အလွမ်းတွေနဲ့သာ ရင့်ကျက်
တမြေ့မြေ့စွဲလောင်နေတဲ့
အသဲကွဲအချစ်မီး
ငြိမ်းမရ သိမ်းမရဖြစ်ခဲ့
အဲဒါ ဘယ်သူကြောင့်လဲ…
အသဲကွဲအနာအတွက်
အလွမ်းနဲ့ဆေးဖော်
ပြန်မလာတော့မှန်းသိရဲ့နဲ့
လာလမ်းကို ပြန်ကာကြည့်
ဟိုအတိတ်က ပျော်ရွင်မှု
ဒီရင်မှာ လတ်ဆပ်နေတုန်းပဲ..
အဲဒါ ဘယ်သူကြောင့်လဲ….
ချစ်ခဲ့မိတာ အပြစ်လား
ဘယ်လိုမျိုးလဲ အချစ်ဆိုတာကို
သိရတဲ့ချိန်မှာ မင်းမှင့ါအနားမရှိတော့တာ
အလွမ်းတွေနဲ့ ညအိပ်
အမုန်းတွေနဲ့ နေ့ဆက်နေရတယ်..
အဲဒါ ဘယ်သူကြောင့်လဲ….
မဖိတ်ခေါ်ဘဲနဲ့ ရောက်လာ
နှုတ်မဆက်ဘဲ ထွက်သွား
တဒုန်းဒုန်း ခုန်နေတဲ့
ရင်ခုန်သံတွေက ဆူကာပွတ်
အံကိုကြိတ် စုံမှိတ်ပြီး
ချစ်လျက်နဲ့ လမ်းခွဲပေးမဲ့
တစ်နေ့မှ မေ့လို့မရတာသေးတာ
အဲဒါ…ဘယ်သူကြောင့်လဲ….
ငါချစ်တဲ့အချစ်စစ်
နင်သိလာလိမ့်မယ်လို့
ငါမျှော်လင့်ချက်နဲ့
မင်းပျော်ရွင်ဖို့အတွက်
ငါ့နှလုံးသားကိုစတေးခဲ့တာပါ..
အဲဒါ ဘယ်သူကြောင့်လဲ…..
ငါဖုန်းမဆက်
မေးဆ့်မပို့တာ
စိတ်ညစ်မှာဆိုးလို့ပါ
ပျော်ဖို့အတွက်ဆိုရင်
ငါဘဝကြီး ဆုတ်ပျက်နေပါစေ
ငါပေးဆပ်နေပါမယ်..
ဒါပေမဲ့
အဲဒါတွေအားလုံးဟာ
ဘယ်သူကြောင့်လဲဆိုတာ..သိချင်တယ်..
အသဲကွဲသူတစ်ဦးရဲ့ ခံစားချက်ကို တင်ပြရင်း
စိုး…………
Comment #2
chit yet ne lann kwe sa yar lar loh?
chit yet ne sunt pyit ke sa yar lar loh?
chit de so p htar ke ya lar loh?
chit de so tar be lo yone ya ma le taung ti dot bu.
thu a sar pyaw pay dar,,a he, 😛
Comment #3
အချစ်မရှိတဲ့ ဘဝကြီးမှာ
အလွမ်းတွေနဲ့သာ ရင့်ကျက်
တမြေ့မြေ့စွဲလောင်နေတဲ့
အသဲကွဲအချစ်မီး
ငြိမ်းမရ သိမ်းမရဖြစ်ခဲ့
အဲဒါ ဘယ်သူကြောင့်လဲ…
ကြိုက်တယ်အဲ့ဒီစာသားလေးကို…။
Comment #5
အသည်းကွဲအနာအတွက် အလွမ်းနဲ့ဆေးဖော်…
ပြန်မလာနိုင်မှန်းသိရက်နဲ့ လာလမ်းကိုမျှော်ကာကြည့်
ဟိုအတိတ်က ပျှော်ရွှင်မှု ဒီရင်မှာလတ်ဆက်နေတုန်းပဲ…
အဲဒါဘယ်သူကြောင့်လဲ……
အဲ့နေရာလေးအရမ်းကြိုက်တယ်။
Comment #1
ဘယ်သူ့ ကြောင့်လဲ ဆိုတာမိုက်တယ်
တော်တော်မိုက်တယ် အသည်းကွဲနေတဲ့သူတွေအတွက်တော့အံကိုက်ပဲ
ခံစားအားပေးပါတယ်