အမြတ်
အမြတ်
မရေရာဘဲငါ
အသေအချာမှားခဲ့
မထင်မှတ်ဘဲငါ
တမင်တကာဖျက်ခဲ့ ။
ဒါက ဘာလဲ ငါက ဘာလဲ
တွေးမရ ဆမရ
ငါပိုင်ဆိုင်သမျှ
တစ်ခုချင်း ကွာကျ
ဘာမှလည်း ပြန်မရ ။
တစ်ခါသုံး လက်မှတ်တစ်စောင်လို
ကျပျောက်သွားတဲ့ ခဏ
ဘ၀က ဖုန်ထ
နောင်တနဲ့ ည ။
rolynn
(now/current/present)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service