*****ချစ်ခဲ့တာမို့*****
အမုန်းမရှိ အရှုံးမကြည့်ပဲ
ချစ်ခဲ့တာမို့
ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ်
တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို
ငါကျေးဇူးတင်ပါတယ်
နားလည်မှု့တွေ့နဲ့ပဲရှိနေပေမဲ့
တစ်ယောက်နဲ့တစ်ယောက်ကြား
လက်ဖမိုးနဲ့လက်ဖ၀ါးလို
အမြင်မတူတာတွေရှိလာတဲ့အခါ
ငါတို့နှစ်ယောက်ကြားမှာ
ပဋိပက္ခဆိုတာ
ဝင်လာမှာကြောက်မိတယ်
တို့နှစ်ယောက်ကြား
ဘယ်တံတိုင်းမှခြားမလာဖို့
ငါဆုတောင်းနေပါတယ်နော်
ငါ့ရဲ့သစ္စာ င့ါမေတ္တာနဲ့
မင်းပြန်လာမဲ့ချိန်ထိ
စောင့်နေလျှက်ဆိုတာယုံပါနော်
မိုးညသခင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service