ဒီနေ့လေးမှသည် -ဒီရေလှိုင်း
ဒီနေ့လေးဟာ
ကလေးနဲ့ ကိုကြီး
ချိုပြီးလှတဲ့ ဘ၀တစ်ခု
အစပြုခဲ့တဲ့နေ့ ။
ဒဿလိုမိန်းမ
ကဗျာလှလှလေးကို
ဝေဖန်ပေးခဲ့ရာမှ
ရာဝဏ သီတာ ရာမ လက္ခဏ
ရာမာယဏ ဇာတ်သဘောကို
ပြောလို့မဆုံး
တစ်နေ့လုံးပေါ့ ။
ဒီရက်ကစ
ကာလများစွာ
ညီမနဲ့ကိုကြီး
ချိုပြီး လှတဲ့ ခင်မင်မှု
ဖြူစင်မှုတွေ ပကတိနဲ့
ပူပင်မှုတွေမရှိခဲ့
ရုပ်ရည်မမြင်
စကားပင်မကြား
ရေမြေတွေ ခြားသော်ငြား
ကွဲပြားမရှိ
တစ်သားထဲရှိ
နှလုံးသားများ
အမုန်းတရားမရှိ အပြုံးများ ပကတိနဲ့လေ ။
ဒီလိုနဲ့လေ ကာလရှည်ကြာ
ဆုံပါများတော့
အဖြူရောင်ကြိုး
ထပ်ထပ်ပိုး၍
မြတ်နိုးသံယောဇဉ်
အရိပ်ထင်ခဲ့
စိတ်တွင်စွဲကာ
တွေ့မြင်စိတ်များ
ရင်ဝယ်ပွား၍
ကြားချင်စိတ်ထဲ
နားတွင်စွဲကာ
ထုံးဖွဲ့တည်ပြီ
ချည်နှောင်မိသော ကြိုးတစ်စ ။
ကြာကြာလေတိုး ထပ်တိုးချည်ငင်
သံယောဇဉ်တို့ပြယုဂ် ကဗျာတွေအပုဒ်ပုဒ်ဖြစ်ခဲ့
ကိုကြီးရေးတဲ့ … ပန်ဒိုရာထဲက နောက်ဆုံးအရာ
ကလေးရေးခဲ့တဲ့ ….. ဖြစ်ခွင့်ပေးပါ
ဒီကဗျာလေးများနဲ့ မေတ္တာတေးသီကျူး
ကြည်နူးခြင်းများစွာနဲ့ပေါ့ ။
မိုးလင်းတိုင်းဖုန်းဆက် နှိုးစက်ပေးသလို
ညတိုင်းလည်းဖုန်းဆက် အိပ်ယာဝင်ပုံပြင်များချိုချို
ပြောဆိုလို့ကိုမ၀ ဂရုစိုက်ခဲ့ကာ နဲ့
တစ်သက်တာ ရှေ့ဆက်မဲ့လမ်းမှာ
ပန်းလေးတွေလို မွှေးမွှေး
စမ်းကလေးတွေလို အေးအေးနဲ့
သံယောဇဉ်တရားနွေးနွေးထွေးထွေး
အေးဆေးလေးသာလျှောက်
ဘ၀လမ်းအသစ်ကို ဖောက်
တစ်ယောက်နဲ့ တစ်ယောက်
မခွဲစတမ်း အမြဲ လှမ်းစေချင်ကြောင်း
ဆုတောင်းရင်းနဲ့ ………