မိုးသားနှင့် တစ်စုံတစ်ယောက် – ဒီရေလှိုင်း
အလင်္ကာချစ်ခြင်းတွေတူညီ
ကဗျာမြစ်တစ်စင်းထဲမှာ
တူပျော်ပျော် စီးဆင်းလို့
ပင်လယ်ပြင်ကို
ခရီးနှင်ဖို့
ရွက်တွေဆင်
တက်တွေပြင်လို့
တွေးမကြောက်
သွေးသောက်နှစ်ယောက်ပေါ့ ။
သူ့ရင်တွင်းက
ဖြစ်တည်
ပွင့်စီတဲ့
ကဗျာပန်းတိုင်းကို
နှစ်သက်ပြီး ဆက်တွေး
ကွန်မင့်လေးတွေပေးခဲ့
စိတ်အသွေးတွေကပ်လို့
ထပ်ချပ်မကွာတစ်လမ်းထဲ
အတူတူလှမ်းခဲ့ကြသူ
သူ သူ သူလေးက အတွေးအလုပ်နဲ့
အမေးထုတ်ခဲ့တယ်
ပါရာဒိုက်မှာ
အာဒမ်က ဧ၀ကို
ပန်းသီးလေးတစ်လုံးပေးမိတဲ့
သီအိုရီတစ်ပုဒ်ကို
ပုစ္ဆာထုတ်ပြ
ကဗျာကို ကွန်မင့်ပေးသလို
သူ့စိတ်ထားကို
မှတ်ချက်ရေးတဲ့
နှလုံးသားရှိသူတိုင်း
အလွယ်တကူပြောတဲ့
စကားနှစ်လုံးဆိုတာ
ပြန်ရလိုချက်ကို
မင်းတုန်းခတ်ထားတဲ့
ပေးဆပ်ခြင်းလား
ဥစ္စာရင်းမှန် ပြန်ရ
အတ္တတွေရဲ့ ပြချက်လား???
သူရဲ့ လား လား လားပေါင်းများစွာကို
မှား မှား မမှားရအောင်စဉ်းစား
သူစိတ်နှလုံးသားပြူတင်းပေါက်ကို
ခဏလေးဖောက်မိ
လျှောက်ကြည့်လိုက်တော့
အချစ်ဆိုတာကို မစိမ်းကားပေမဲ့
သိမ်းထားကာ အရိပ်မိုး
တိတ်တခိုးလေးသိုဝှက်ကာဖုံး
သူဒါဏ်ရာနှလုံးသားက
အညစ်ဥာဏ်အညှိုးတွေမပါပေမဲ့
ချစ်ကံဆိုးနေရှာသူလေးပေါ့ ။
မြင်နေပေမဲ့လည်း
ခိုးကြည့်နေတဲ့သူမျက်ဝန်းများ
ဟန်ဆောင်ပေမဲ့လည်း
သိနေတဲ့ မိုးသား
ရိုးသားစွာနဲ့
တစ်ခွန်းစကားပြောခဲ့
ဟင်းလင်းဖွင့်ထားတဲ့
မိုးသားရဲ့
နှလုံးသားပြူတင်းရောက်အောင်
တစ်လှမ်းခြင်းလျှောက်လို့လာ
ထင်သာအောင် ကြည့်
ရင်ရှိတာကို
မြင်မိအောင်ကြိုးစား
အိပ်ပျော်နေတာလေးကိုနှိုးသွားပါတော့လားရယ်လို့