မီးပြတိုက်ရဲ့ ငိုရှိုက်သံ – ဒီရေလှိုင်း
အဏ္ဏ၀ါရေဇလာ
ရိုင်းချက်ပြင်းပြင်းနှောက်
သိုင်းကွက်နင်းသလို
ကျောက်ဆောင်တွေကြောင့်
ရေယာဉ်တွေမချောက်ချားပဲ
မှောက်မသွားစေဖို့
ထောက်ထားကာ အကူအညီပေး
သူကမိးပြတိုက်လေးပေါ့ ။
အပြောကျယ်တဲ့ ရေပင်လယ်ရဲ့
ဥပါယ်တံမျဉ်လှိုင်းတွေက
တဒိုင်းဒိုင်းနဲ့
ရိုင်းနေအောင် ခြောက်သော်လည်း
သူကတော့ မကြောက်ကာ ယိမ်းမယိုင်
ကျောက်ဆောင်ထက်မှာ မြဲခိုင်လို့
ရပ်တည်ကာ အဖော်မဲ့ပေမဲ့
သူပျော်နေခဲ့ ။
သူ ဘ၀ကအထီးကျန်ပေမဲ့
သူ့အလှက အကျည်းမတန်
ခရီးမှန်အလျဉ်းရောက်အောင်
သူရင်တွင်းကို ကျွမ်းလောင်ခြင်းဖြင့်
အလင်းတွေပြ ၊ သူဘ၀ သူ့ဒဿန နဲ့
လောကကို လှပစေသူ ။
အော် ခရီးသွားတို့
အဖော်များသဟာနဲ့
ပျော်ပါးစွာ သူ့အနားကဖြတ်သန်း
သူဆိပ်ခံကမ်းကို ရပ်နားလေတဲ့
လှေငယ်တွေက သူ့ဘ၀ရင်မှာ
ခဏသာနားလို့ကွန်းခို
သူ့ရင်မှာ ကျွမ်းလို့ လွမ်းငိုလို့
မှောက်မိုက်က ရှိုက်သံယဲ့ယဲ့လေးကို
သဲ့သဲ့လေးပင် ဘယ်သူမှမကြားသော်လည်း
သူမနားကာ အလင်းပြ
ရွှန်းရွှန်းမြမြနဲ့ပေါ့ ။