မသိခြင်းနဲ့ ပြေးနေတဲ့ အရေပြားများ – ဒီရေလှိုင်း
လှေ
ကား
ထစ်
တွေလို
တွေ့ကြတယ်
မင်းလည်း မင်းအရွယ်ကို
အသက် ငင်သလို ငင်နေမှာပဲ
ငါလည်း . . . . . . . ငါ့အရွယ်ကို
ဖဲချပ် စီသလို . . . . . စီချင်တာပဲ
အရွယ် သုံးပါးစလုံး မိုးမလွတ်ဘူး
မင်းခန္ဓာဗေဒက သုံးတန်တင်
ကားတစ်စီးလို တွေးတယ်
ငါ့ သွေးသားက
အဝေးပြေး
လမ်းမလို ပြေးတယ်
အရှိန်ပြင်းပြင်း လရောင်ထဲ
ခွေးအ အူခဲ့တဲ့ ညတွေ ငါတို့ကို
မချောက်ချားစေဘူး . . . . ငါတို့ကို
တိတ်ဆိတ်စေမယ့် အကြောင်းအရာက
ဖန်ခွက်ချင်း ထိလိုက်သလို အသားချင်း
ထိလိုက်တဲ့ . . . . . . . . . . ယဉ်ကျေးမှု
အပေါ်ယံ ယားယံမှုတွေ မဟုတ်ဘူး
သွေးပူ . . . . . လေ့ကျင့်ခန်းလို
အကြော . . . လျှော့ထားတဲ့
. . . အ
ရှက် . . . . .
. . . . . . . . . တ
ရား . . . . . . . . . .
. . . . . . . . ထဲ
မှာ . . . . .
. . . . အ
ချိန် . . . . . . . .
ကာလဟာ
ဘယ်မှာ
ငါတို့
ကိုယ်
ငါတို့လည်း
ဘယ်မှာမှန်း မသိ
ငါတို့ဘယ်သူလဲ မသိ
မသိခြင်းနဲ့ပြေးနေတဲ့
အရေပြားတွေ
အောက်
မှာ
. . . .
မင်း နဲ့ ငါ
************
****************
*******************
**********************
*****************************************
နန်းခမ်းဖြူ
မသိခြင်းနဲ့ပြေးနေတဲ့ အရေပြားများ
ခန့်ချုပ်အဖုံးမှာ
ရွှေစာလုံးကြီးကြီးနဲ့
ဆော့ကရေးတီးစ်ရဲ့
ဒဿနစကားဆိုပြီး
ကိုယ်ကောက်ဖတ်လိုက်မိတဲ့
စာအုပ်အတွင်းစာသားတွေက
အပေါစား
ဟာသများဖြစ်နေခဲ့တယ် ။
ကာတွန်းရုပ်လေးတွေနဲ့
အဖုံးလေးတွေစုတ်
အဲဒီစာအုပ်လေးကို
အမှတ်တမဲ့ ခဏကောက်ဖတ်လိုက်တော့
ဘ၀တစ်လျှောက် မှတ်စရာတွေ
ထပ်ခါထပ်ခါ တွေ့ရလေရဲ့
ရွှေရည်စိမ်အလှတရားထက်ကို
အနှစ်တရား
နှလုံးသားအလှများ
ဓမ္မတရားကို ခံစားတတ်ကြသူ
အပေါ်ယံ အရေပြားဆိုတာ
ထိမှု သိမှု အာရုံခံပြုတာထက်မပို
ငါ့ကိုယ်ငါ အဖြေရှာ ဘာကိုမှ မရေရာ
တကယ်လိုတာကို လိုရင်းရှာတော့
ကိုယ်ချင်းစာတရားသာ
ဒီကမ္ဘာက ဘ၀ဘ၀တွေကို
လှပစေမယ်ပေါ့
ပိုင်အိုးနီးယားဆိုပြီး
ခဏခဏလမ်း
မှားတတ်တဲ့မင်း
လောကအလင်းလို့
အော်ဟစ်ကြွေးနေပေမဲ့
မကြာမကြာ မီးပျက်
နေတတ်တဲ့ ကိုယ်
ခေါက်ရိုးကျိုးနေတဲ့
ဇာတ်ညွှန်းတစ်ခုထဲက
ဇာတ်ကောင်တွေလို
ဆုံတွေ့ကြတဲ့ဇာတ်လမ်း
ဆန်းမှ မဆန်းတာနော့
သိမှု မသိမှုနယ်ပယ်အကြား
ပြေးလွှားလို့
အတွေးများနေကြသူတွေ
ငြိမ်းချမ်းခြင်းနဲ့ စစ်တလင်းကြားမှာ
ပစ်ခတ်ခြင်းများစွာနဲ့
အရေပြားအောက်နဲ့
ရင်ဘတ်ကြားမှာ
ဒဿနတရားများစွာနဲ့
မင်းနဲ့ ငါ …………………
ဒီရေလှိုင်း
( နန်းခမ်းဖြူ နဲ့ ဒီရေလှိုင်း ကဗျာသွေးသောက်ဖော်မွန်နှစ်ယောက်ရဲ့ ဖန်တီးမှုလေးပါ )
Comment #1
😛