အဇဋာ ရဲ့ ဥဒါန်း – ဒီရေလှိုင်း
ဟောသည်မှာကြည့်
ကွန်ဆာဗေးတစ် ဆန်လွန်းတဲ့
အတ္တလန္တာ အင်ပါယာကြီး
မပျက်စီး မပျောက်ပျက်ခင်ကတည်းက
ဖောက်ထွက်ခဲ့တဲ့ အမြုတေတွေ
သည်တောရိုင်းမြေကို
သူတို့ ရင်ဘတ်တွေ နဲ့ ထွန်ယက်
သူတို့သွေးတွေကို ဖျန်းလို့ ပန်းတွေစိုက်
သူတို့ သွေးသားနဲ့ တံတားများထိုး ၊ တံတိုင်းများကာ
သူတို့ခြေလက်တွေနဲ့ အသက်တွေကိုဖန်ဆင်း
သူတို့ မျှော်လင့်ချက်အိပ်မက်တွေနဲ့ ရောင်စုံခြယ်
အော် ဘာတဲ့ အနာဂတံ အဇဋာ နယ်ပယ် တဲ့ ။
ဒီနယ်ပယ်မှာ
” အတတ်ပညာမဲ့ သတဲ့
ပညာတတ် ကြိမ်လုံးနဲ့
တအုန်းအုန်း ရိုက်ခဲ့တယ် ” ဆိုတဲ့
မောင်လေးအောင် ပြောခဲ့သလို
အထာတွေပြ ၊ ဆရာကျတဲ့ သင်ရိုးတွေမရှိ
ကိုယ်သိ သူသိတာကို ဝေမျှလို့ဖလှယ်
အရိုးခံနိယာမတရားသာရှိခဲ့
မေရီအန်တွိုင်းနက်ရဲ့
” ပေါင်မုန့်မရှိတာများ လာစကားပြောနေသေး
ကိတ်မုန့်စားကြပါလား ” ဆိုတဲ့ မစာနာ တရားတွေနဲ့ မျက်နှာဖုံးမလုပ်
အဒေါ့ဟစ်တလာရဲ့ စံလွဲတဲ့ အမိန့်အာဏာတွေနဲ့
ကန့်လန့်ကာမချ
အဖရိုးဒေးတီးစ်ရဲ့ ရင်သပ်ရှုမောဖွယ်
မှော်ဆန်တဲ့ သရုပ်ဆောင်ချက်တွေက
ဒီနေရာမှာ ဗလာနိတ္ထိ ဘာမှမရှိ
သူတို့ စိုက်တဲ့ပန်း နဲ့ ပွင့်တဲ့ရာသီ
အချိန်မီတဲ့ နရီတွေနဲ့ ဟာမိုနီကို ဖြစ်နေလို့ ။
ဒိနေရာမှာ
အဆန်းစကား ၊ ဘန်းစကားတွေမရှိ
နန်းအလား မခမ်းနားပေမဲ့
ပွင့်တဲ့ ပန်းများက အလှကိုယ်စီရှိ
အူတူတူ ၊ ကြူတူတူ မရှိ
အဖြူတွေပကတိနဲ့ ကြွရွလို့လှပါနေ
ငါသာဆရာ ၊ သူကအပလာ ဒီလိုအထာတွေမရှိ
ဖဲ့ကြ ၊ ရွဲ့ပြ ၊ မဲ့ကြတာတွေ မသိ
သူတို့ရင်ထဲမှာ ငြိနေတာက
စူပါဂလူ့နဲ့ကပ်ထားသလို တစ်ထပ်ထဲကျနေတဲ့ သွေးစည်းနေပုံများ
အရေးကြီးရင် ပြေးပြီးတောင်လာစရာမလို
အားလုံးက နီးနီးလေးတွေဖြစ်နေရဲ့ ။
ဒီအဇာဋာကို
တစ်ခါတစ်ခါမှာ
မြူသလို ၊ ကလူသလို
ဟောက်စားသလို ၊ တောက်ကြွားသလို
တိမ်ညစ်တစ်ချို့တွေ ယင်မဲတွေအုံသလို လွင့်မျောလာခဲ့
ဒီတိမ်ညစ်တွေရဲ့ခြေရာကို ကောက် ထောက်လို့ကြည့်လိုက်တော့
ကိုယ့်အိမ်တောင် မခိုင်လို့ ရွဲ့နေတာကို မပြင်
ဒီအဇာဋာ တစ်ခွင်မှာ ဆရာအသွင်နဲ့ သြ၀ါဒကထာတွေပေး
ကိုယ့်မော်ကွန်းကို ပီပြင်အောင်မထိုးနိုင်ပဲ
ရေမြေ့သခင် ရှင်ဘုရင်လို မဟာဘ၀င်တွေနဲ့ လာလာချင်ကြသေး
သူတို့က မာယာတွေနဲ့ မှုန်ဝါးအောင် လာလုပ်ပေမဲ့
ဒီအဇဋာက မတုန်သွားဘူးကွဲ့
နာဂစ်တောင် ကျော်ခဲ့ပြီပဲ လေနီကြမ်းက ပန်းလောက်ပေါ့
ဆူနာမီတောင် ဖြတ်ခဲ့ပြီပဲ ဒီဂယက်လေးလောက်တော့ ကြောက်စရာလား
ဘယ်လိုမှ မခြောက်ခြား ၊ တောက်ပလို့ ၀င်းထွက်
ကြယ်စင်တွေက ပို လင်းလက်လာခဲ့ ။
တိမ်ညစ်တို့ရေ
အဇဋာရဲ့ ဥဒါန ကထာ
မင်းတို့ မှတ်ကြကွာ နော်
ပုတ်အဲ့ အနည်ကျနေတဲ့ စကားလို့ မင်းတို့စိတ်မှာ ညိုညို
တရားအမွှန်းချိုချိုနဲ့
အနန္တသူရိယ ရဲ့
စကားတစ်ခွန်းကို ဆိုခဲ့မယ်
တို့အားလုံးက
” တုံမယူုလို ”