အဆိပ်သင့်ခဲ့ပြီ ပန်းဘုရင် – ဒီရေလှိုင်း
လူ့ဘ၀ဆိုတာ
သမုဒယနဲ့ မကင်းပေမဲ့
အနုအလှ နဲ့
အတုအပ ချစ်ခြင်းကြောင့်
သုခအလင်းကို ငါမရ
ပြုသမျှ အပြစ်ယွင်းစွာ လုပ်ရပ်ကြောင့်
အမုန်းဇာတ်နဲ့
အဆုံးသတ်အဆုံးသတ်
မပြုံးတတ်တဲ့ ဘ၀မှာ
နှလုံးရပ်မတတ်ငါ
မသေယုံတမယ် ၊ ငါရှင်သန်နေခဲ့ရတယ် ။
သမုဒယနဲ့ မကင်းပေမဲ့
အနုအလှ နဲ့
အတုအပ ချစ်ခြင်းကြောင့်
သုခအလင်းကို ငါမရ
ပြုသမျှ အပြစ်ယွင်းစွာ လုပ်ရပ်ကြောင့်
အမုန်းဇာတ်နဲ့
အဆုံးသတ်အဆုံးသတ်
မပြုံးတတ်တဲ့ ဘ၀မှာ
နှလုံးရပ်မတတ်ငါ
မသေယုံတမယ် ၊ ငါရှင်သန်နေခဲ့ရတယ် ။
ပန်းဘုရင်ကို
နန်းခွင်မှာ
လှမ်းမြင်ပြီး
အရမ်းကြင်လို့
နမ်းချင်ပေမဲ့
ကမ်းမမြင် ၊ လမ်းမမြင် ပင်လယ်ကြောမှာ
မျော်ခင်တိုင်းမျော မောချင်တိုင်းမောနေရသူမို့
နေရသူမို့
အနွမ်းရင်မှာ
ကြွမ်းအစဉ်နဲ့
မလွမ်းချင်ပဲ အလွမ်းတွေခက်
တစ်သက်တာအတွက်
အခက်ဖြာလို့ မသက်သာစွာ
ရတက်အနာနဲ့သာ ငါနေခဲ့ရတယ် ။
အတိတ်မညစ်ပေမဲ့
အရိပ်ဖြစ်နေတဲ့
အဆိပ်သင့် နှလုံးသားကြောင့်
သိပ်ချစ်ပေမဲ့လည်း
မြိုသိပ်လို့ တိတ်တခိုးအတွေးနဲ့
ကြိတ်ပိုးဆွေးတဲ့ အဖြစ်ကြားမှာ
အပြစ်ကင်းတဲ့
ချစ်ခြင်းကို ငါမရ
မြစ်တစ်စင်းလို ၀င်္ကန္တနဲ့
မာယာအလှ ၊ မချိုမြတဲ့ ရသထိုထိုကို
လက်ဆောင် ပဏ္ဍာသ သလို
အခါခါ ငါရခဲ့ပါတယ် ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service