င့ါကြောင့် …… (မန်ကျည်းရွက်ထပ်နဘေ) – ဒီရေလှိုင်း
ငါ့ကြောင့် .
ကမ္ဘာလောကမြေမဟီမှာ ကဗျာတွေစီလို့ တစ်ပုဒ်တေးဖြစ်ခဲ့တာလား
မသမာမောဟပွေလီစွာ မာယာတွေချီလို့ အရှုပ်ပေးညစ်ခဲ့တာလား ။
ငါကြောင့် လူသားတွေကို ဒေါသအပူများဖွဲ့မီးပြင်း အသွင် လောင်ခဲ့တာလား
အဟောဝတ အဖြူများနဲ့ ထီးတစ်စင်း အမြင် ဆောင်ခဲ့တာလား ။
ငါ့ကြောင့် သမုဒယ ချစ်စရာ အပြုအမူတွေ ခခဲ့တာလား
အကုသလ ညစ်အဖြာ အတုအပူတွေ ကျခဲ့တာလား ။
ငါကြောင့် မင်္ဂလာတရား သကာပျားလို ချိုစရာ စကားတွေရခဲ့တာလား
မကြင်နာအမှား တမာခါးလို ငိုစရာ အမှားတွေ ချခဲ့တာလား ။
င့ါကြောင့် ဒါန ပရဟိတ လှူသူတွေ ပွားခဲ့တာလား
ပကာသန အရအမိယူသူတွေ များခဲ့တာလား ။
ငါ့ကြောင့် လောကမှာ လိမ္မာယဉ်ကျေးသူတွေ များခဲ့တာလား
မောဟဖြာ ကလိန်စွာ အမြင်တွေးသူတွေ ပွားခဲ့တာလား ။
င့ါကြောင့် မေတ္တာတရား သစ္စာထား အမှန်ရှုသူတွေများခဲ့တာလား
ညစ်စရာအမှား အပြစ်အနားများ အကြံပြုသူတွေထားခဲ့တာလား ။
ငါ့ကြောင့် …..
ငါ့ကြောင့် ……………..
ငါကြောင့် ……………………. ဆိုတဲ့
လားပေါင်းများစွာ
မေးခွန်းထုတ်ကာ
ယောင်ခြာခြာနဲ့
မသေချာမရေရာ
ငါဆိုတာကို ဘာဆိုတာ
ငါမသိခြင်းများစွာနဲ့
အတွေးနယ်ချဲ့နေရဲ့ ။