လက်ဆင်
ရည်မှန်းချက်မှာ
စုန်းစုန်းမြုပ်
ပါဝါမျက်မှန်တစ်လက်က
အသက်လောက်တော့
ထူထူ ရယ် …
ဘ၀မှာ နေကြည့်ရင်းက
အဆုံးသတ်ကို တွေးကြည့်မိတော့
ငါ့ နှလုံးသားဟာ
မီးမြိုက်နေပါ ပေါ့လား…။
အင်း
ရင်ခုန်ဖို့ဆိုတာ
လိပ်ပြာတစ်ကောင်လို
ရနံ့ အလိုက်မှားတော့လည်း
ဖလံတောင် မဟုတ်
ငါ သေခြင်းတရားကို
စိတ်နှင့်
အတင်းတိုးမိနေတာပဲ …။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛