လဆုတ်ရက်များ ၊ မင်းထက်ညိမ်း
“ လဆုတ်ရက်များ”
မင်းထက်ညိမ်း
*အရာအားလုံးနဲ့လွဲပြီး
ဘာတစ်ခုနဲ့မှ မတိုက်ဆိုင်ခဲ့တာ….
ဘ၀ ကို အဲဒီလိုချိန်းဆို ခဲ့တယ်။
“အကြိမ်ကြိမ်အခါခါ”
ဒါမှမဟုတ်
“ အမြဲတမ်း”
အဲဒီထက်ပိုပြီး ရှုံ့းမြဲ။
ကောင်းကင်ကို လှမ်းကြည့်လိုက်တော့
လှမ်းမြင်လိုက်ရတာ
ဆုတ်ပြဲနေတဲ့လရောင်
ဘာမျှ မမြင်ရရင်လည်း အမှောင်ပေါ့။ ။
မင်းထက်ညိမ်း
မြေထဲနေ့ရက်များမှ(၂၀၀၅-၂၀၁၁)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
super like