လူမသိသူမသိ (မင်းကိုချစ်တဲ့သူ)
အဲ့ဒီ တိမ်ပြာပြာနေ့ရက်မှာပေါ့
ငါတို့တွေ ဆုံတွေ့ခဲ့ကြတယ်
အကြည့်တွေ ၀င်တိုက်မိချိန်မှာ
နှလုံးသားတံခါးဟာ သူ့အတွက်
အဆင်သင့် ဖွင့်ထားခဲ့ပါပြီ…
လှုပ်ခတ်သွားတဲ့ ရေလှိုင်းတစ်ခုမှာ
အချစ်တွေ နလံပြန်ထူလာခဲ့တယ်
ဗလောင်ဆူနေတဲ့ ရင်ဘတ်ကိုလဲ
အကြည့်တစ်ချက်နဲ့ ကုစားတယ်
အဲ့ဒါကို အချစ်မျက်ဝန်းလို့ခေါ်သလား???
ဘ၀ဆိုတာကလည်း
ကံကြမ္မာအတိုင်းတွေ့ ကံကြမ္မာအတိုင်းနေလို့ ကံကြမ္မာအလိုကျ ခွဲခွာကြရတယ်
ဒါတွေက မထူးဆန်းပေမယ့်
ထူးခြားတာက ကျနော်ချစ်မိသွားခဲ့တယ်…
လူမကြိုက်တဲ့ ခံစားချက်တွေကို
လူမရှိတဲ့ အခန်းထဲသိမ်းထားခဲ့တာ
ဖုန်(ဖုတ်)တက်လို့ အရောင်မှိန်ခဲ့ပြီ
တယုတယနဲ့ ရှင်းလင်းပေးတတ်တဲ့
ကောင်မလေးတယောက်နဲ့ မတွေတဲ့အချိန်ထိပေါ့…
အခုတော့…
ပြခန်းနံရံတွေပေါ်မှာ ငါ့ခံစားချက်တွေ
ကဗျည်းတတ်လို့ ချိတ်ဆွဲထားပါရစေ
ဖြစ်ရပ်မှန်ခံစားချက်တွေအတွက်တော့
ကျေးဇူးပြုပြီး ငါ့ကိုမလှောင်ရယ်ကြပါနဲ့…
ဒီလိုနဲ့…
ကောင်းကင်ပေါ်က ကြယ်လေးတွေ
ရေတွက်ရင်း မနက်မိုးလင်းခဲ့တယ်
အဲ့ဒီညကတော့ (အိပ်မက်ထဲ)သူရောက်မလာခဲ့ဘူး
နားမလည်နိုင်ခြင်းများထဲက
နားလည်ခြင်းတခုကတော့ ခွဲခွာခြင်းပါပဲ…
အဲ့ဒီ တိမ်ပြာပြာနေ့ရက်မှာပါပဲ
ငါတို့တွေ လူမသိသူမသိခွဲခွာခဲ့ကြတယ်
တိတ်ဆိတ်နေတဲ့ ရင်ဘတ်ထဲမှာလဲ
ဇူလိုင်မိုးတွေက အိနြေ္ဒရခဲ့ပါတယ်
ပြိုပျက်သွားခဲ့တဲ့ အိပ်မက်တွေကတော့
ကြယ်ပွင့်ကလေးလို လူမသိသူမသိလေးပဲပေါ့…
Comment #2
🙂

Comment #3
လူမသိသူမသိ…..
ကိုယ်ကိုတိုင်ပဲ…သိလိုက်တယ်ပေါ့…ဗျာ
ခံစားသွားပါတယ်ဗျာ

Comment #5
အားပေးသွားပါတယ်…
ဘယ်အပိုဒ်ကိုအကြိုက်ဆုံးလို့ပြောလို့မရလောက်တယ့်အထိကို
တစ်ပုဒ်လုံးကြိုက်ပါတယ်…

Comment #1
phat ya dar sate ma kaung par bu shin,
🙁
🙁
🙁