လွမ်းတယ်
လွမ်းတယ် ကို ရယ်
တိုက်ဆိုင်တဲ့သီချင်းတွေ
တိုက်ဆိုင်တဲ့အရာတွေမြင်တိုင်း
သိပ်လွမ်းတာပဲ
ကို့ နာမည်ပါတဲ့ ရာသီဥတုမှာ
ကို့ကိုတိတ်တိတ်လေးလွမ်းနေမိတယ်
ကို ကကော
ဝေးနေတဲ့အခိုက်မှာ
အရင်အတိုင်းရှိနေမှာလား…..
အရမ်းကိုချစ်ပါတယ်…လို့ပြောခဲ့ဖူးတာတွေ
တယောက်တည်းကိုပဲချစ်ဖူးတာဆိုတာတွေကို
ကို….သတိရနေပေးမှာလား………..ဟင်
ကို………..ရယ်
မထင်မိဘူး
ဒီလောက်ထိလွမ်းနေမယ်လို့…….
အခုတော့ နောက်ထက်တစက္ကန့်လေးတောင်
ထပ်မလွမ်းချင်တော့အောင်
အလွမ်းကိုအီနေမိပါပြီ…။ ။
Comment #3
hote ei
hman ei
By: ei lay at Jul 23, 2012
Comment #4
ပေးခဲ့တဲ့ ကတိ
ထားခဲ့တဲ့ သစ္စာ
ချန်ခဲ့တဲ့ အလွမ်း
ပြောခဲ့တဲ့ ချစ်တယ် ဆိုတဲ့
စကားနဲ့တင်ဖြေသိမ့်နေရတယ် ကိုရယ်…….
By: zulay at Aug 25, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
kwat ti be kwar,
😛