ရှေ့ဆက်သူနှင့် ကြည့်နေသူ – နရီထက်
ခြွေလွင့်လို့ ဝေး
ကြွေနှင့်လို့ ဆွေး
ရနံ့ကယ် ပြယ်
တွေးကြောက်လို့ ထွေနေလည်း
ပြစ်ဖို့တွေက လျော့ချဖြေရိုးလား
သူတို့ပါးစပ်ဖျားတွေက
ငါ့လက်မှာ ရွှေပန်း
ငါ့လက်မှာ ငရဲပန်း
တစ်စခန်းထ ညာဉ်စိုးပိုက်နေတော့
အမယ်မင်း…
တတ်နိုင်ချည့်ရဲ့သေး…
ဇမ္ဘူတစ်ပြော စုပုံကာ
ကလောင်ရောတွေက
ပါးစပ်ရာဇ၀င် အသာတွင်လို့
လွတ်ကရာစည်း ရောယှက်နှောလို့
ငါးစိမ်းလည်းမိ ငါးကင်းလည်းထိ
ရကြရိုးလား… ကွဲ့
စောင်းကြိုးလည်း ပြတ်ပါတယ်
ရုပ်ကြိုးလည်း ရှုပ်ပါတယ်
လက်ရုတ်တော့ မခေါက်ချိုးပါရစေနဲ့
အို… တကယ်
မြေ၀ိုင်းမှာ အလူးအလှဲ ကရချည့်..
ဘယ်သူကို …
ငမိုက်သား ခေါ်ရမတုန်း… ကွဲ့
အပိုင်တလူးလူးနှင့်…
ဗီလိန်တွေ ခေါ်စရာမလိုဘူး
အကြံထူးကာ ညဉ်နက်ရရင်ဖြင့်
ကန့်လန့်ကာနောက်မှာ..
စပိုင်တွေ ရှိသေးတကွယ်..
မိုးလည်း နှောင်းတယ်
ခေတ်လည်း ဟောင်းတယ်
မရှိတာကို ပြောင်ထင်ပြတော့
သူတောင်းစားက …
ရွှေခွက် ဆွဲရအုန်းမယ်…
တကယ့်…… …… ….. ။ ။
နရီထက်
( ၂၄ ၊ ဂျူလိုင်လ ၊ ၂၀၁၂ )