ခိုဖြူတွေ ဘယ်တော့မှပျံလာမှာလဲ အမေ
ရာသီဥတုကပူတယ်
အိမ်မက်တွေကပူတယ်
ဘ၀တွေကပူတယ်……
အာခေါင်ခြစ်ပြီအော်မေးလိုက်ချင်ရဲ့…
ခိုဖြူတွေ ဘယ်တော့မှပျံလာမှာလဲ အမေ ။ ။
နဖူးကချွေးခြေမကျသည်အထိ…
ခြေမကချွေး နဖူးစင်သည်အထိ…
ခက်ခဲလှချည်လား…
ခိုဖြူတွေ ဘယ်တော့မှပျံလာမှာလဲ အမေ…။ ။
တန်ဖဲ
ဒီဒဏ်ရာတစ်ခုနဲ့
မလုံလောက်သေးဘူးလား….
Civil War…Civil War…ဘာဆိုင်လို့တုန်းဗျာ..
ဟိုဘက် ဒီဘက်
မာနတွေကြား…မုန်းတီးမှုတွေကြား
ဘာတွေမှားလဲ
ဘယ်သူတွေမှားလဲ….
ပြည်သူတွေတော့ မမှားခဲ့ပါဘူး
ခိုဖြူတွေ ဘယ်တော့မှပျံလာမှာလဲ အမေ….။ ။
တောင်ယာလုပ်ရင်း
အိမ်မှာထိုင်ရင်း
ဒုက္ခသည် ဖြစ်ရသူတွေ….
ဟိုး…
မြောက်ပိုင်း
တိုင်းရင်းသားတို့မြေ
ဧရာမြစ်ရေ
ချင်းချင်ရဲမှလား…..
ခိုဖြူတွေ ဘယ်တော့မှပျံလာမှာလဲ အမေ…..။ ။
ကလေးငယ်တွေ…
အနာဂါတ်ပျောက်မှလား….
ခိုဖြူတွေ ဘယ်တော့မှပျံလာမှာလဲ အမေ….။ ။
ဒါမှမဟုတ်…
ဘယ်သောအခါ……..
ခိုဖြူတွေ ဘယ်တော့မှပျံလာမှာလဲ အမေ….။ ။
မင်းအိမ်
Comment #1
ခိုဖြူတွေရယ်ပျံလာပါတော့