ရှုမျှော်ခင်းအသစ် ၊မင်းထက်ညိမ်း
“ရှူမျှော်ခင်းအသစ်”
မင်းထက်ညိမ်း
*ညနေခင်းတွေ မရှိဘူးလား
ပျော်ရွှင်ခြင်းကို ပြန်ရှာမတွေ့ဘူးလား
ဒီမှာ
မမြင်ဖူးသေးတဲ့ ရှူမျှော်ခင်းများ
စိတ်ညစ်ဖွယ်ရာ အသစ်များ
ဘ၀က
ငါ့အပေါ်
မျှော်လင့်ချက်ပေးပြီး
နေပူလှမ်းထားတယ်
လောက အချိုးအကွေ့များမှာ
ငါဟာ
ကွယ်ပျောက်သွားလိုက်
လှမ်းမြင်ရလိုက်နဲ့
လောက မြစ်ကျဉ်းထဲမှာ
ငါဟာ
နှစ်မြုပ်သွားလိုက်ပေါလောပေါ်လိုက်နဲ့
လောက အခန်းငယ်ထဲမှာ
ငါဟာ
တစ်ဝက်ပွင့်လိုက်
ပြန်ပိတ်သွားလိုက်နဲ့
*အခုထိ
ဘာမျှ မသဲကွဲသေးဘူး။ ။
မင်းထက်ညိမ်း ၊၂၀၀၅ ရှမ်းအရှေ့၊မိုင်းဖြတ်မြို့
(၂၀၁၂မှာ ပြန်ဖတ်ကြည့်မိတော့ ၊ ကျွန်တော့် အဖို့ နောက်ထပ်အသစ်တစ်ပုဒ်လို့ပဲ……)
Comment #2
နင်က
” ဘ၀က
ငါ့အပေါ်
မျှော်လင့်ချက်ပေးပြီး
နေပူလှမ်းထားတယ် ” ဆိုရင်
စက်မှု (၁) က တို့တွေကို လှမ်းထားတဲ့နေကမှ အနာဂတ်ပါခြောက်အောင်လှမ်းတာ ဒါပေမဲ့ ငါကတော့……
Comment #3
အဲဒီလောက်တောင်ပဲလား……… စက်မှု(၁)ရယ်။ ဖြစ်မှဖြစ်ရလေ………
Comment #1
I like it.