“““““လွတ်လပ်မှု က လွတ်လပ်ခွင့်  က အီစီကလီ ”””” ( sharon )
အကြောင်းကြောင်းကြောင့်ပေးကမ်းကမ်းလှမ်းခြင်းရှိ
မိုးကုပ်စက်ဝိုင်းအောက်မှာပုဒ်မခြားခံရင်း…..လုပ်သက်ရင့်ရင့်လာ
အကျင့်ကိုအကျင့်နဲ့ ပြုရင်းပြင်ရင်း ငါတို့ ကမ္ဘာ သွေးချောင်းစီးသွားပြီ
သူဟာကိုယ်ဟာသူတော်စင် ကြံစည်ဖို့ ဖြစ်ဖြစ် ရှောင်တိမ်းဖို့ ဖြစ်ဖြစ်
ပဋိပက္ခအခင်းအကျင်းတွေကပျင်းရိဖွယ်
အိပ်မက်လို….စပ်ယှက်စမှာပဲတိတိကျကကွဲကွာ လ
က်ကျန်တွေ…..အကြီးစားတွေပျက်ယွင်းမှုတွေလည်း အရွယ်ရောက်ရောက်လာ
အရေပြားပေါ် ရှပ်ပြေးရုံ ” ကျေနပ်ကြည်နူးခြင်း ” တဲ့ 
ဇကာပေါက်တွေနဲ့ အမိုးပြာ
ဘာအတွက်မှန်းမသိပဲဆုတောင်း
ဘာတောင်းမှန်းမသပဲဆုတောင်း
ထပ်ကျော့ခေါင်းစဉ်ငယ်က“မွေးဖွားသန့်စင်ခြင်း”
ထူထဲပျစ်စေးလာတယ်
ဆန္ဒတွေယိုစီးလာပုံများ ငတ်လို့ မပြေနိုင်လေခြင်း
ရိုးရိုးအေးအေးလေး အဲဒီနေ့ ကလေး ခင်ဗျားတို့ လမ်းလျှောက်ဖြစ်တဲ့ နေ့ 
ကောင်းကင်နဲ့ မြေကြီး
မြေကြီးနဲ့ ကောင်းကင်
အသက်ရှင်မှုဟာ အလိုတူမှု မတူမှု
အရည်ဖျော်ဖို့ သက်သက် အေးခဲစေသလား
သည်းသည်းမည်းမည်း တိုးကပ် အလိပ်လိုက် အထပ်လိုက် အမျှင်လိုက် အတ္တချည်ခင် ဖြေ (ဖြည်)
ရင်းနှီးလွန်းတဲ့ တစ်စိမ်းတရံ .. ကြည့်
ကျွန်မဆိုတာကလည်းရှင့်စာသားတစ်ခုသာ
စာအုပ်တွေကိုဖွင့်ထားကြပါ
နာကျင်ခြင်း နဲ့ အပယ်ခံ ခြင်း ကို ထပ်ကိန်းချ လိုက် ( like )
ဆွံ့ အနားမကြားခြင်းပဲလား ဒါ ကလည်း
တည်ရှိတည်ဆောက်မှု ( ဆုံးရှုံးမှု) အလျား ဘာပေတံနဲ့ တိုင်းကြမလဲ
ဘ၀ဆိုတာအမြဲရှုံးနိမ့်သူ ရဲ့  အလင်္ကာထုပ်ပိုးမှုပေါ့
အဖာအထေးရာ အထပ်ထပ်နဲ့ 
အွန် ….. ခိုးခိုးခစ်ခစ်နဲ့  ဟိုကလေးကိုမရချင်ပဲရသွားတာတဲ့  မိခင်ဖြစ်သူပြောတာပဲ
ဒီကလေး….. လူ ….. ဖြစ်လာရတာ
သူ့ အပြစ် ….. ကိုယ့် အပြစ် ….. မဟုတ်ဘူး
အားလုံးဟာအပြစ်ကင်းတယ် မူလီပေါက်စနတွေ
ဟုတ်ပါတယ် အပြစ်က အရေပြားအောက်မှာ
ကယ်ခြင်း ပယ်ခြင်း/ သိမှု ခံစားမှု စာနာတတ်မှု ဒါကို ချရေး( ကြ )
စာအုပ်တွေ ကိုဖွင့်ထား ကြမယ်
နိဒါန်း နိဂုံး နှလုံးသား မှာတော့ ဘုန်း(ဗုံး)
အမည်နာမတပ်ပေးလိုက်တယ် …
နှင်းဆီနီနီတစ်ပွင့် ပန်ဆင်ပေးလိုက်တယ်
ကလေးကလား က ကလေးကလား ???????
အတိုင်းအတာတစ်ခု ထိလွတ်မြောက်စေလိုပါတယ်
လွတ်လပ်မှု ရသင့်သလောက်ထိ လွတ်လပ်စေလိုပါတယ်
အိမ်ပြန်ချိန် လှေဆွေးပြီ
ကဲ …. လေချွန်သံအဆုံးသတ်
အေးအေးလူလူ အိပ်စက် လိုက်ပါ …
….. Sharon …..
11:15 am
27 .7 .2012