အမှား
အလွမ်းတွေက ဂိတ်တစ်ခုပဲ
ငါ့ စိတ်တွေ
ဘယ်လောက်လွှတ်လွှတ်
နောက်ဆုံး
အဲဒီ့ကို ပြန်လာရတယ် …
အသဲကွဲခြင်းက
တိမ်တိုက်တစ်ခုပဲ
ငွေ့ရည်ဖွဲ့ ရွာ ရွာချတတ်တာ …
ရင်ခုန်သံကတော့
အဆိပ်တစ်ခွက်သာသာ
အထီးကျန်ခြင်းတွေ
အနည်ကျ နေတဲ့
နှစ်ချို့ အဆိပ်လိုလေ …
နင်က တော့
ကော်ဖီခါးခါး တစ်ခွက်ပါပဲ
ဘယ်တော့မဆို
ခုံမင်နေမိတတ်အောင်
ပြုစားတတ်တဲ့
ကဝေဖျော်က်ာဖီလေ
Comment #2
နှစ်သက်မိပါတယ်….
By: loafer at Aug 2, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Mike de
Mike de
Kyike de