နှလုံးသားမြေပုံပေါ်မှာ ခြေရာကောက်လို့  အတိတ်ရဲ့ လေး၊ငါး၊ခြောက် နှစ်ဆီသို့ 
ပင်လယ်ပြာပြာကရေတွေ မိုးတိမ်တွေဆီ အလည်သွားပြီး ပြန်လာတဲ့နေ့ ကပေါ့
မိုးရေထဲမှာ လမ်းလျှောက်သွားတော့မဲ့ ကျွန်တော့်ကို သူမရဲ့ ထီးနီနီလေးအောက်မှာ အတူတူ သွားကျဖို့ဖိတ်ခေါ်ခဲ့စဉ်က
သူမဟာ ကျွန်တော်ရဲ့ နှလုံးသားမှာ ကဗျည်းထိုးထားတဲ့  ရူးထိုက်သူ ဆိုတဲ့ နာမည်ပိုင်ရှင် ဖြစ်လာလိမ့်မယ်လို့  မသိခဲ့ရိုး အမှန်ပါ။
မိုးထဲလေထဲ ထီးတစ်ချောင်းအောက် နှစ်ယောက်ခိုရင်း အနမ်းမိုးတွေ စွေလို့ ပေါ့
အချစ်မရှိပဲမနေနိုင်ပါဘူးဆိုတဲ့ ကျွန်တော့်ရဲ့  သီအိုရီ ကို မမှန်ကန်ကြောင်း သူပြောစဉ်က နားမလည်ခဲ့ပေမဲ့
သူမကိုယ့်ကိုကိုယ် ပိုချစ်တယ်ဆိုပြီး သက်သေပြလိုက်ချိန်မှာတော့
ကျွန်တော်ဟာ အမည်ခံချစ်သူအဖြစ်နဲ့  သူမရဲ့ ဘဝထဲက ထွတ်သွားလိုက်ရပြီ…….
ဒါပေမယ့် မိန်းခလေးရယ် ခတ္တ (လူ့ ပြည်) ဆိုပြီး ဝေဖြိုးအောင် ရေးတဲ့ စာအုပ်ထဲမှာ မင်းနံမည် တွေထပ်နေခဲ့ပါတယ်ကွာ………
ငါ့ဘဝမှာမင်းကမင်းသမီး
ခေါင်းပေါင်းကြီးမရှိလို့မင်းသားကြီးမလုပ်ရလဲ
မီးထိုးမှန်ထိုးသမားအဖြစ်နဲ့  မင်းနှင့်မင်းဘဝတိုးတက်ဖို့အတွက်
ငါ့ကျောပြင်မင်းဝေါယာဉ်လိုသုံးလိုက်ပါ ဂုဏ်မြင့်သူရယ်။
ဆင်ဖြူတစ်ကောင်ဖြစ်ခဲ့ရက်နဲ့  ဆင်မဲမျက်နာ မကြည့် ရဲခဲ့တဲ့ “ငါ”
တစ်သက်လုံး မင်းနာမည် စွဲပြီး
ကဗျာမမြည်၊ ကာရန်မညီတဲ့ အပေါစားစာ အရေးအသား ဖန်တီးစေသား……….
ဒါနဲ့ စကားမစပ် ကျွန်တော် “မ” ကိုချစ်မြဲချစ်ဆဲပါပဲဗျာ။
အကာကအချစ် အနှစ်ကမေတ္တာ ခိုင်မြဲမှုသစ္စာတို့ ပေါင်းစည်းကာရစ် မှော်ရုံတောထဲက အလွမ်းသမား ကျွန်တော်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Sa karr ma sat,,,,
A yann kaung tar pe shin.
Really meaningful.