လွဲ
ဘယ်သူမှ မမှားခဲ.ကြလို.
ဘယ်သူမှ မမှန်ခဲ.ကြဘူး
ငါတို.တွေဟာ
နာကျင်ဖို. အတွက်ကို ရွေးချယ်ခဲ.ကြတယ်
မျှော်လင်.ချက်ဆိုတာ
အသံထွက်ဖတ်ခွင်.မရှိတဲ. ပုံပြင်တစ်ပုဒ်ပါပဲ
ဗဟိုတူတိုင်း တစ်ထပ်တည်း မကျနိုင်တာလည်း
အထူးအဆန်း မဟုတ်တော.ပဲကွယ်
ဒါပေမယ်.
ငါတို.တွေဟာ
ဝေးကွာဖို. အတွက်ကို
တစ်ဆိတ် နီးကပ်လွန်းခဲ.တယ်
ကျေးဇူးပြုပြီး
ကွဲသံရှသံတွေ မပါစေဘဲ
နေ.စွဲတွေကို အရှင်လတ်လတ် ခေါက်သိမ်းပါ
တယုတယ လက်စသတ်ခံရတဲ. သံယောဇဉ်တွေမှာ
ဘာအနာအဆာမှ မပါစေချင်ဘူး
အဲဒီတော. ပြုံး ပါ
ဘာပဲဖြစ်ဖြစ် ပြုံး ပါ
အား လုံး အ ဆင် ပြေ သွား မှာ ပါ
အား လုံး အ ဆင် ပြေ သွား မှာ ပါ
အား လုံး အ ဆင် ပြေ သွား မှာ ပါ
Comment #3
Yeah…
Fighting

Comment #4
အားလုံးအဆင်ပြေသွားအောင် . . ဘာပဲဖြစ်ဖြစ်ပြုံးပါ . .

Comment #5
အားလုံးအဆင်ပြေသွားမှာပါ~

Comment #7
Smile whatever.
Smile
Smile

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းမိုက်တယ် facebook မှာ share p ….လူတိုင်းကိုမျှဝေခံလို့ ရအောင်လို့ 