ဆင်ခြေဖုံး
တဖွဲဖွဲစွဲလောင်နေတဲ့မိုးစက်တွေထဲ
စိုထိုင်းထိုင်းငြီးငွေ့မှုက ခြေကျင်းဝတ်ထိ မြုပ်တယ်
လမ်းပေါ်က ကလေးငိုသံတွေ
ဆောင်းဘောက်ထဲ ထည့်ထည့်ဖွင့်ထားတဲ့လက်ဘက်ရည်ဆိုင်ဆီ
အသက်ရှုခက်တဲ့နေ့ရက်တွေ လွင့်စင်လာတယ်
မှတ်ပုံတင်ပျောက်နေတဲ့လူတွေ ခြေချင်းလိမ်ရာ တောနက်
ပရိယေသနက တွေ့ရာလူမိုက်ကြေးခွဲဖို့ ချောင်မြောင်းနေ
ကြွက်၊ခြင်နဲ့အလေ့ကျရောဂါတွေဆီ စိတ်ဦးမလှည့်ခင်
လောကဓံကို ရေမရောဘဲ ရှုံ့မဲ့မြိုချကြရ
အဆင်မပြေမှု ညို့လိုက်ရုံနဲ့
နောက်ဆက်တွဲဒုက္ခတရားတွေ မစဲတမ်း သည်းမယ်ဆိုတာချည်းပဲ
ဘ၀တွေ ဘယ်တော့ တိတ်မလဲ
ကိုသျှား
Comment #2
လောကဓံကိုရေမရောဘဲမြိုချရင်တော့ တော်တော်ခံရခက်မယ် . . 🙂
ဒီလိုပါပဲ . . ဆင်ခြေဖုံးဆိုတဲ့အတိုင်းပေါ့ . .
By: နတ်သမီး at Aug 3, 2012
Comment #4
ဘ၀တွေဘယ်တော့တိတ်မလဲ……
ဘ၀တွေဘယ်တော့တိတ်မလဲ……
ကိုသျှားပျောက်နေလှချည်လား…အကိုရ…. လိုင်းပေါ်လေးတက်ခဲ့ပါဦးးးး
🙂
By: terry at Aug 10, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
phat shu r pay twar par de