အဲဒီ အဖြစ်အပျက်များ (မိုဃ်းဇော်)
ကိုယ့်မျက်နှာကို
လူမြင်မှာစိုးတာနဲ့
ရေချိုးခန်းထဲ ဝင်ငိုခဲ့
ရှိုက်ကြီးတငင်။
ငိုသံကို အပြင်လူကြားမှာ စိုးတာနဲ့
ရေပိုက်ခေါင်းကို ကိုယ်ဖွင့်ခဲ့။
ပါးပြင်မှာ ပူနွေးနွေး
ရေသံမှာ တစ်စက်ကလေးမှ ခံစားချက်မရှိဘူး။
လူဖြစ်လျက်နဲ့လုံးလုံး
အဆုံးအရှုံးကြီးခဲ့ပါတယ် ဘဝရယ်
ကိုယ်မမြင်ရတဲ့ တောင်စွယ်မှာ
နှင်းတွေ ဝေတုန်းမို့လား။ ။
မိုဃ်းဇော်
Comment #2
me too,,secretly cry,
sometimes,,ei ka a kye g ko aww ngo pyit dar
By: ei lay at Aug 4, 2012
Comment #3
လက်ခံကြည့်ပါမယ်။ သို့တည်းမဟုတ် နားထောင်ပေးပါမယ်။
By: soe at Oct 2, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျောလေးက တိတ်တဆိတ်ငိုကြွေးနေတဲ့ လူတစ်ယောက်ရဲ့အဖြစ်ကိုပေါ်လွင်စေတယ်…..ကျနော်လည်းအဲ့လိုငိုခဲ့ဖူးတယ်