ငါ့ရင်ဘတ်ထဲက ထာဝရလည်ပတ်နေမယ့် ၀ဿန်ရာသီ သို့
ငါ့ရင်ဘတ်ထဲကိုဝင်ကြည့်လိုက်ပါ မိဝဿန်
ကျေးဇူးပြုပြီးပေါ့ ..
အဲဒီမှာဆွေးမြေ့ဓားဒဏ်ရာများစွာနဲ့ နင့်အတွက်မှ ဆိုတဲ့ အချို တ၀က်တပျက်ရှိတယ် ….
မလင်းလက်တော့တဲ့ အနာဂတ်အိပ်မက်တွေရှိတယ် .
ညိုးနွမ်းရင့်ရော်ခြင်းနှင့် အတူ စုတ်ပြတ်သတ်နေတဲ့အလွမ်းတွေရှိတယ် .
တချိန်က နင်ပေးခဲ့ဖူးတဲ့ စကားလှလှလေးတွေ သံရည်ပူလောင်ကျနေသလို
တငွေ့ငွေ့ကျွမ်းလောင်နေခြင်းတွေ တွေ့ရမယ် …
မတွေ့တာကြာပြီဖြစ်တဲ့ ငါမျက်ဝန်းအိမ်မှာ နင့်အတွက် ကျတဲ့ မျက်ရည်အစိုင်အခဲတွေရှိတယ်..
ဘယ်သူ့ကြောင့်မှလို့  အမည်မထွက်ပဲ သေဆုံးသွားတဲ့ ငါ့အသည်းနှလုံး အပုပ်အပွလေး ရှိတယ်
ငါ့လက်ထဲမှာ နင့်အတွက်ဆိုကာ တရိုတသေ ပွေ့ပိုက်ထားတဲ့ အနမ်းတွေရှိတယ်
ကြည့်မကောင်းပေမယ့် မြင်ရနေသေးတဲ့ နင်နဲ့ငါ့ရဲ့ အတိတ်အသေတွေရှိတယ်
မိဝဿန်
ငါတို့အတူ ထမင်းစားခဲ့ဖူးတယ်
ငါတို့အတူ လမ်းလျှောက်ခဲ့ဖူးတယ်
ငါတို့အတူ သီချင်းညည်းခဲ့ဖူးတယ်
နင့်အတွက်ဆိုကာ
ငါ…သီချင်းလည်းရေးပေးခဲ့ဖူးတယ်
ငါတို့အတူ ………. ပျော်ရွှင်ခဲ့ဖူးတယ်နော်
ထားလိုက်ပါ ….မိဝဿန် ..
ဒါ ..ဘာအရေးမှမပါတဲ့ နင့်ရဲ့အဆိပ်အပြည့်နဲ့ အတိတ်တွေပါ
ဖြစ်နိုင်မယ်ဆို ငါ့ကို ….. ဘယ်တုန်းကမှ မသိခဲ့ဖူးသလို ထာဝရ သရုပ်ဆောင်လိုက်ပါ
မိဝဿန်
ငါ့မှာ နင့်ကို မပြလိုက်ရသေးတဲ့ ကြင်နာမှုတွေရှိတယ်
ငါ့မှာ နင့်ကို မပြောဖြစ်လိုက်တဲ့ မိုးည အိပ်မက်ရှည်တွေရှိတယ်
ငါ့မှာ ငါ့တနိုင်တပိုင်အားလေးနဲ့ နင့်အတွက်ဆိုကာ ဆောက်တည်ထားတဲ့ အနာဂတ်အိမ်လေးရှိတယ်
ငါ့မှာ ……
ငါ့မှာလေ .
.နင့်အတွက် တသက်ခိုင်း မငြိုငြင်တဲ့ ..နင့်စေလိုရာစေ အသည်းနှလုံးလေးလည်းရှိပါတယ်
မိဝဿန်
နံမည်လေး ရွတ်မိတိုင်း အသည်းထဲက စူးပြီးနာတယ်
နင်ပြစ်ခဲ့တဲ့ ငါ့လိုကောင်အတွက် ခပ်မိုက်မိုက်သာလှည့်ထွက်သွားပါ
ငဲ့ကြည့်ချင်ယောင်ဆောင်လိုက်တိုင်း…..ငါ့ခြေလှမ်းတွေ အထိနာတယ်
ငါ့မှာ နင်ကလွဲရင် အခြားမျှော်လင့်ချက် မထားခဲ့ဖူးတာ အတွက် ငါလျှောက်လိုက်တဲ့ လမ်းတိုင်းဟာအသေ
ငါဟာလေ ငါဆိုတဲ့ကောင်ကလေ
နင်ကလွဲရင် ….နင်မရှိတော့ရင် ..မျက်ရည်တွေနဲ့ ရပ်တည်နေတဲ့ အလွမ်းသက်သက် အကောင်အစုတ်အပြတ်ပါ
ဘယ်သူတွေ ဘာ့ကြောင့်ဖြစ်ဖြစ် ငါနင့်ကို ချစ်နေဦးမှာပါ
ငါ့လိုကောင်စားမျိုးထံမှာ နင့်ကို မနားစေလိုသူ တချို့ အထဲမှာ ငါကိုယ်တိုင်လည်း ပါနေခဲ့တယ်
မိဝဿန်…….
ငါတို့ဝေးတာဟာ အခြားသူတွေကြောင့်လို့ ..ဘယ်သောအခါမှတွေး ကာ စိတ်ပူပန်မနေပါနဲ့
ငါတို့ မနီးစပ်ခဲ့တာ ငါ့ကြောင့်ပဲ လို့  ငါတွက်ချက်ပြီး ငါ့ကိုယ်ငါ သတ်သေပစ်ခဲ့ချင်တယ်
ဘယ်သူ့ ဘယ်သူကမှ ….. တို့ချစ်ခြင်းကို မခွဲသာနိုင်ဘူးလို့  ငါယုံကြည်ခဲ့ပါရစေ
…………………………………………………………………………………………………………….
ငါ့ဝဿန်လေးရေ
ငါဟာ မိမစုံဖမစုံနဲ့ …လူလားမြောက်လို့  လူယဉ်ကျေးမှုတွေနဲ့ မအပ်စပ်ခဲ့ဖူးတဲ့သူပါ
ငါဟာ …အသိုင်းအ၀ိုင်းမရှိ အခြေအနေမဲ့တဲ့ စရိုက်ကြမ်းနဲ့ မာန်တင်းထားတတ်သူပါ
ငါဟာ….ပညာမကောင်း …လူအပေါင်းရဲ့ရှုံချ ပယ် ကျင်မှုနဲ့ အသက်ရှင်ခဲ့ရတဲ့သူပါ
ငါဟာ …..အနူလက်နဲ့ ရွေခွက်ကိုင်ချင်ခဲ့တဲ့သူပါ
ပြီးတော့
…ပြီးတော့လေ
ငါဟာ…နင်မြင်ဖူးသမျှထဲမှာ နင့်ကိုအရူးသွပ်ဆုံးနဲ့ အနှစ်သက်ဆုံးသူပါ
ဒါပေမယ့်
ဝဿန်လေးရယ်………………..
နင်နဲ့ငါဟာ ဘယ်ပုံဘယ်သမိုင်းနဲ့မှ ခိုင်းနှိုင်းလို့မရအောင်ကွာခြားတဲ့ အလွှာနှစ်ခုပါ..
ငါတို့ဟာ…ခြားနေတာပဲအကောင်းဆုံးပါ
မိဝဿန်ရေ
နင်ပျော်ရွှင်နေဖို့ 
နင်နေကောင်းကျန်းမာနေဖို့ 
နင်ချမ်းသာကြည်နူးနေဖို့ 
နင်လိုတိုင်းတ တောင်းတိုင်းပြည့် ဘ၀မျိုးမှာ စံမြန်းနိုင်နေဖို့ 
ငါဈာပနာဟာ ..အထောက်အကူတလက်ဖြစ်ပါစေသား….ဆုအခါခါတောင်းခဲ့ပါတယ်
……………………………………………………………………
ကဲ
အ ပ ရာ ဂတ် ဒက်ပရာ
နင့်ရင်ခွင် နင့်သမိုင်း နင့်မျက်မှောက်ရှေ့မှာ နောင်ဘ၀ပေါင်းများစွာတိုင်ထိ
ငါ့လိုကောင် မပေါ်ပေါက်လာစေဖို့ ……………………….. သေဆုံးလိုက်ပါတယ်
တကယ်ပါ ..မိဝဿန် ရယ် ငါ့ဘ၀ထဲမှာ နင်ပဲရှိခဲ့တာပါ ။
Comment #2
Bar pyaw ya hman ma ti aung,,, be lo khan sarr hmu g hman ma to aung,,, net net shine shine ko khan sarr ya par de,,
A yann kway kya twar ya lout aung ma Moe ye feeling hte hmar mu Mae twar par de.

Comment #3
Ma Moe yae..
Ei lay 7 khar taung phat mi twar de.
Ma moe Tate chit tar ko Thu ma ti loh nay par laint me..
Ma Moe d lout taung khan sarr nay ya Dar ko Thu lone wa ma ti loh phyit par laint me..
Thu a hman ko tar ti twar yin ei lay lo be khan sarr ya laint me loh ei lay yone de..
Ma Moe ye phyu sin de a chit tway,,tan phoe htar hmu tway,,Thu a paw tit sar Shi de kou kyint ta yarr tway,,
Ma Moe ye Thu 1 ke myan myan ti par say naw.ei lay Su taung pay par de.

Comment #4
သိလား ??????? … မိုး …………..
စဖတ်မိကတည်းက ခုထိအပြည့်အ၀ ၀မ်းနည်းစိတ်တွေ ထုပ်ပိုးနေရဆဲပဲ
စကားလုံးတိုင်းကို တယုတယ ပွတ်သပ်မိနေတယ်
ထပ်ပြောရရင် ခမ်းနားလွန်းလို့ ဘယ်မှာသိမ်းဆည်ရမှန်း အမှန်တကယ် ကို မသိသေးဘူး
ကျေးဇူးတင်လွန်းပါ တယ် မိုးရယ် …
ဆွံအ စွာဖြစ်တည် နေရ မှုအတွက် ကဗျာရှင် ကိုကျေးဇူး………….
ပြီး ……………….
ကျေးဇူး ………………………

Comment #5
မမိုး…ကဗျာကိုဖတ်မိလိုက်တိုင်းတကယ်ခံစားမိတယ်
ကျေးဇူးပါပဲ မမိုး
နှစ်သက်စွာအားပေးပါတယ်……..

Comment #6
ကျွန်တော် ရေးထားတာလေးတွေကို ရင်နင့်ထပ်တူခံစားအားပေးကြတဲ့ ကျွန်တော်ချစ်သော ကျွန်တော့် အားဆေးလေးများအားလုံးကိုအထူး ကျေးဇူးတင်လေးစားလျှက်ပါခင်ဗျာ

Comment #7
ထပ်တစ်ခါ ငေးးးး

Comment #9
အမ….တကယ်..ကြိုက်တယ်ဗျာ..
စာသားတိုင်းကိုကြိုက်တယ်….

Comment #10
အားပေးတဲ့ ကျွန်တော့် အားဆေးလေးများ အားလုံး အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

Comment #1
Oh;,,,
Excellent creations.
After reading this,,,as soon as I feel hurt.