အတုံ့အလှည့် (မိုးဇက်)
သတင်းမကြားလို့
ထမင်းမစားနိုင်သူပါ
ရင်မှာတထင့်ထင့်နဲ့
“ဒီတစ်ခါမင်းတို့အလှည့်”
သတင်းစာနောက်ဆုံးနား
မင်းတို့နှစ်ယောက်သားပါလာမှ
ငါဟ လို့ တိတ်တိတ်ကြုံးဝါး
အရှုံးသမားဘ၀ မှ အောင်နိုင်သူအဖြစ်
ငါပျော်ဝင်ပစ်တယ်….
ကနခိုအစွမ်း
မင်းတို့သိပ် ပန်း သွားလား
သိပ် နွမ်း သွားလား
ဟား ဟား ဟား ဟားးးးးးး
သနားမယ်မထင်နဲ့
ဒီတစ်ခါမင်းတို့အလှည့်…..
ငါ့အလှည့်တုန်းကတော့
ရင်ကော့အောင်ခံစား
အသဲကွဲသမားအဖြစ်လည်း
အရက်စွဲသမားအဖြစ်လည်း
ဘ၀ရဲ့လမ်းတွေလည်းအရောင်မည်းတယ်။
ငါက ဘ၀ပဲသေတာ
မင်းတို့က အသက်ပါသေတာ
(ဒီနေ့ကျမှ)
ကောင်းလိုက်တာကွာ…
ဒီ မီးတောက်အရက်က
ရင်ကိုအေးမြသွားတာပဲ…….
အေ့..
အေ့…
အေ့……….။
Comment #2
အကိုမိုးဇက်မိုက်တယ် ဗျာ ကြိုက်လို့  share p nor fb mhar

Comment #3
မိုက်တယ် ဟ
အေ့  😀

Comment #4
ကြိုက်တယ်ဗျာအရမ်းကိုနာကြည်းမှုကိုမီးတောက်ကအေးမြစေတယ်နော်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုမိုးဇက် အားပေးနေတယ်ဗျ… ဟားဟား ပျောက်လွန်းတယ်နော်