ခင်ဗျား ပေး တဲ့ ရက်ရာဇာ
ဝန်ခံပါတယ် .. ဘောက်စ်လေးထဲတက်လာတဲ့စာလုံးတွေက
ရင်ဘတ်ပေါ်ကျလာတဲ့ မိုးစက်လေးတွေလို ..
ငါ့ရင်ကို နင်းဖြတ်ခဲ့ ဒါဟာ ဘယ်လိုအကြောင်းအရာမျိုးလည်းဖွေရှာမနေတော့ပဲ..
.ကျွန်တော်ခင်ဗျားကို ရိုးရိုးလေးပဲနှစ်သက်မိခဲ့တယ်
……………………..
ခုကကြွေနေတာလား ..
ခုမှဝေနေတာလား .. ဟင့်အင်း .. နားမလည်ချင်ဘူး ..
ဒီလိုရိုးရိုးလေးထဲမှာပဲ နှစ်နှစ်လိုလို ပျော်ဝင်ခြင်းဟာ သူမပေးတဲ့အသက်ကယ်ဆေးလို …
ဘယ်အရေး ဘယ်လိုပင် ဖြစ်နေပါစေ ခင်ဗျားပျော်ရွှင်ခြင်းသာ ကျွန်တော့်အတွက် အဓိက ဖြစ်တည်ခဲ့ …. ရက်စွဲရွှေ့လို့ မရတဲ့ ပျော်ရွှင်ခြင်းတွေ ပေးစွမ်းနိုင်ခဲ့ခြင်းအပေါ်
မြတ်နိုးစွာ တပ်မက်မိ ခဲ့ ….
တကယ်ဆို …
ကျွန်တော်ဟာ ..စက်ရုပ် ခင်ဗျား ပေးမယ့် အချစ်နဲ့ အလုပ်လုပ်ချင်တဲ့သူ…
ဘာ့ကြောင့်ဖြစ်ဖြစ် မုန်းမသွားရင်ပဲ ..ကျေနပ်မိတယ်
တို့နှစ်ယောက်ကြား
အကွာအဝေးလေး ပါးပါးလေးခြားနေရင်တောင်
အမုန်း နဲ့ အရှုံး တစ်သက်လုံးဝင်ခွင့်မရှိစေရ ..
အလွမ်းကိုသာ ဖွဖွလေးနေရာပေးချင်မိပါတယ် ..
အပြင်မှာ သည်းလိုက်တဲ့မိုးက တို့နှစ်ယောက်အနွမ်းတွေကို လန်းဆန်းစေမယ့် မိုး ..
ကျွန်တော်နှင့် ခင်ဗျား….. အပြစ်မမြင်ပဲချစ်ခင်သွားဖို့ 
သံသယမှန်သမျှ ဘေးချန်ထားရင်း…….
ထာဝရ ဆိုတာ ခင်ဗျားတယောက်နှင့် အဆုံးသတ်လို့ ရက်စွဲတိုင်းမှာ ပျော်မွေ့နေချင်ခဲ့သူ
(အငြိုးမဲ့သော အရပ်မှာ ဆုံတွေ့နိုင် ဖို့  မျှော် လင့် မိတယ်)
အဲ့ဒီရပ်ဝန်းလေးမှာ နေရောင်ဖျော့ဖျော့ လင်းမယ် ..
မိုးငွေ့နည်းနည်းသင်းမယ် ..
ဆောင်းလေလျော့လျော့ညင်းမယ် ..
မြက်ခင်းပျော့ပျော့ခင်းမယ် ..
အချစ်ပြိုးပြက်ဝင်းမယ် ..
ပြီးတော့
သူ့ပါးလေးပေါ် တိုးသက်လေပြေဆင်းမယ် ..
အချစ်အရောင်တွေနဲ့ တောက်ပ စွာ စီခြယ်သမယ့် တံတိုင်း တသက် မယိုင်လဲပဲ တည်တံခိုင်မြဲစေလို့ 
လက်ခုပ်သံမလိုတဲ့ရပ်ဝန်းမှာ အတူတကွ …. အသက်ရှင်ကြမယ်
ကျွန်တော်ဟာ ခင်ဗျား ဆို ခင်ဗျားဟာ ကျွန်တော် ပဲ ပေါ့ ဗျာ
လူကြီး အသဲကွဲ မိုး
Comment #2
super super like.
both title & poem.
really meaningful.
Comment #5
အားးးးးးးးးပါးပါး ငါ့အမကတော့.လုပ်လိုက်ပြန်ပြီး
အဲ့ဒီရပ်ဝန်းလေးမှာ နေရောင်ဖျော့ဖျော့ လင်းမယ် ..
မိုးငွေ့နည်းနည်းသင်းမယ် ..
ဆောင်းလေလျော့လျော့ညင်းမယ် ..
မြက်ခင်းပျော့ပျော့ခင်းမယ် ..
အချစ်ပြိုးပြက်ဝင်းမယ် ..
ပြီးတော့
သူ့ပါးလေးပေါ် တိုးသက်လေပြေဆင်းမယ် ..
ဒီအဖွဲ့လေကို…ပိုကြိုက်တယ်ဗျ
Comment #1
အချစ်အရောင်တွေနဲ့ တောက်ပ စွာ စီခြယ်သမယ့် တံတိုင်း တသက် မယိုင်လဲပဲ တည်တံခိုင်မြဲစေလို့ 
လက်ခုပ်သံမလိုတဲ့ရပ်ဝန်းမှာ အတူတကွ …. အသက်ရှင်ကြမယ်
ကျွန်တော်ဟာ ခင်ဗျား ဆို ခင်ဗျားဟာ ကျွန်တော် ပဲ ပေါ့ ဗျာ
p.s ကျနော်လေးစားတဲ့ ကလောင်ရှင်နှစ်ယောက် ရဲ့ ပူးတွဲ တင်ဆက်မှုလေးပါဗျာ
အရေးအသားကို လေးစားလျှက်
ထပ်တစ် ခါ ထိထိရှရှ