ဝါသနာဆွဲခဲ့ သောကဗျာ(မင်းလူန)
…၁…
ရွေးချယ်ခွင့် ရရင်
နှုတ်တိုက်ပြောဆိုရမဲ့ ဇာတ်လမ်းတစ်ပုဒ်စာ
ဘ၀ကို
တွန့် ကြေအောင်စိတ်နာဖူးတယ်
….၂….
မြောင်းသာပေးလိုက်
တသွင်သွင်စီးဖို့ အားခဲ နေတဲ့ ဆန္ဒများ
တစ်နာရီ
အလင်းနှစ်ပေါင်းများစွာနှုန်းနဲ့ 
….၃….
စိတ်ချဟန်နီ
အကျိုးသက်ရောက်မှု့ မရှိရင်
နယူတန်နဲ့ ငြင်းခုန်ဖို့ စိုင်းပြင်းထားပြီးသား
….၄…..
ချွန်းအုပ်လို့ မရတဲ့ အဆုံး
ကဗျာတစ်ပုဒ်ရေးလိုက်တယ်
ခုမှပဲ
နေသာထိုင်သာတော့ တယ်
မင်းလူန
Comment #2
mike de
mike de
By: ei lay at Aug 6, 2012
Comment #3
နှစ်သက် လေးစားစွာဖတ်ရှုမှတ်သား သွားပါတယ်ရှင်
By: sharon myorr myor at Aug 7, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟာ မိုက်တယ်ဆရာ
နှစ်သက်စွာအားပေးသွားပါတယ်