နောက်တစ်ခေါက်
Rကြီးကလည်း
အဆုံးကို အစမလုပ်
ပါနဲ့တဲ့………….
သိပြီးသားမို့ဝေးပြီး မိုးတိမ်
လွင့်ကျ ရော်ရွက်လို
ပြီးပြီးသားမို့
အေးဆေးအေးဆေး
အားတင်းရင်းနဲ့
တစ်ပတ်လည်လည်သွားတဲ့
စက်ဝိုင်းလို
မှူးနောက်နေခဲ့။ ။
မနေနိုင်မထိုင်နိုင်
ဖတ်မိတဲ့ ကဗျာတွေက
ကရွတ်ခွေပေါ်က
ပြေးလွှားနေတဲ့ အချစ်တွေကို
အဆုံးနဲ့အစက
ကျောချင်းကပ်လား?
တစ်ဆက်တည်းလား?
စပ်စုနေခဲ့။ ။
တကယ်တော့
အဆုံးက အစရဲ့
စတင်ခြင်းပေါ့။ ။
ပန်းရိပ်
26.6.12
9:00 pm
Comment #1
nice