အိပ်မက်နိုးသူ
ညဥ့်လည်းမပီ
လူခြေမတိတ် အိပ်မက်ဆက်သူ။ ။
နွေလည်းနေ့ခင်း
မှေးမှေးပျော်မှ
စမ်းချောင်းနားဘေး
ရယ်ရယ်ဟဟ ပြုံးမြမြနှင့်
မောင်နှင့် ကျီစယ်
စိတ်ဝယ်ကြည်နူး
ရူးမူးမှထင်
ပန်းကြွေလွင့်မျော
ကျောက်ခက်ပေါမှ
သည်ပွင့်သည်ခက်
ရိုက်ခက်သည်းပြိုး
ပွင့်ဖတ်လွင့်ရာ
အံ့သြလန့်ထိတ်
သွေးစမ်းချောင်းထဲ
မေသာမှင်တက်၊ အိပ်မက်နိုးသူ။ ။
ပန်းရိပ်
19.3.12
9:15 pm
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service