လှိုင်းကစားသွားတဲ့ကျောက်ဆောင်
အားနဲ့ မာန်နဲ့ ရိုက်ခတ်လိုက်
ညင်ညင်သာသာ တိုက်စားသွားလိုက်နဲ့
လှိုင်းရေ….
နင်နဲ့ငါက
သူငယ်ချင်း မိတ်ဆွေဆိုလဲ ဟုတ်ရဲ့
တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်နေကြတဲ့ သူစိမ်းဆိုလဲ ဟုတ်ရဲ့..။
အေးစက်မာကျောတယ်ဆိုတဲ့ ငါလေ
ခိုင်မြဲစွာနဲ့ နင်လာရာပဲ စောင့်မျှော်နေခဲ့တာ
ဒီသစ္စာကို နင် သိပါလေစကွယ်..။
လှိုင်းရေ..
မယိမ်းသင့်လို့ မယိုင်ခဲ့
မတိမ်းသင့်လို့ မဆိုင်ခဲ့ကြတာပါ…။
နှလုံးသားတစ်ခုလုံး မွကြေသွားတဲ့ အထိ
ငါမာန်တင်းထားတယ်…
ဟန်ဆောင်ကောင်းတဲ့ ငါ့ကို
အပြစ်တင်နိုင်ပါတယ်..
မုန်းလိုက်နိုင်ပါတယ်…။
တကယ်တော့လေ…
နင်ကစားသွားတဲ့ ရိုက်ခတ်မှုတိုင်းမှာ
အနာတရများစွာနဲ့ အထီးကျန်စွာ
ခြေစုံရပ် ကျန်နေခဲ့ရတာ
လှိုင်းမသိခဲ့တဲ့ ငါ့ရဲ့အမှန်တရားပါကွယ်…။
Lyrics
7:22 PM
28.6.2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service