“မိုးပြေး” ၊မင်းထက်ညိမ်း
“မိုးပြေး”
မင်းထက်ညိမ်း
*လမ်းမပေါ်
ဖိတ်ကျသွားတဲ့ ညနေခင်း။
ညနေခင်းပေါ်
ဖိတ်ကျသွားတဲ့ လူတစ်ယောက်။
ရေပန်းဖွင့် ချလိုက်သလို
မိုးပြေးတစ်သိုက်
သူ့အပေါ် ဖြတ်လျှောက်သွားတယ်။
ထီးဟာ
သူ့ မျက်လွှာလေးကို ချထားတယ်။
စိတ်ဟာ
မိုးသဲထဲမှာ မိုးရေစက်လက် ရွှဲစိုလို့။
စာတိုက်ပုံးနီနီလေးဟာ
အချစ်အကြောင်း မသိဘူး။
ပြီးတော့…
ဘ၀ က
ပျော်စရာ ကောင်းတယ်။ ။
မင်းထက်ညိမ်း
ပျော်ရွှင်ခြင်းများသို့.
Comment #2
like
By: yu at Aug 16, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နှစ်သက်စွာအားပေးသွားပါတယ်