အမှတ်တရ -2
ကိုယ့်အသည်းအစုတ်ကိုယ်
သုံးခွက်တခွက်တင်
ကြိုသောက်နေရင်းကပဲ
ဒီမျက်ရည်က တစက်စက်ခြွေတယ်
မငိုဘူး…ဖြစ်တယ်
ငါသိပ်အဆင်ပြေပါတယ်လို့ 
ဟန်ဆောင်နေရင်းကပဲ
လွမ်းဆွတ်ခြင်းအထိမ်းအမှတ်အဖြစ်
ရင်ဘတ်က ဆတ်ခနဲ နာတယ်
နင်ကထွက်သွားသူဖြစ်တဲ့အတွက်
ငါက ကျန်ရစ်သူနေရာမှာရှိမယ်
တချိန်တုန်းကဆိုတဲ့ နင့်နေရာအရောက်မှာ
သံကုတင်ထက်ရောက်ချိန်ထိ
ငါ့အကြောင်း
ငါ့အတွက်သာ တွေးနေဖြစ်တဲ့
နင့်ကိုယ်သင်းရနံ့လေး
လေပြေအဖြစ်နဲ့ တိုးဝှေ့ သင်းပျံ့တယ်
ခု..နင် ဘယ်ဆီမှာလည်း????
နင်လာသုတ်ပေးမယ့် မျက်ရည်စက်တွေ
ပါးပြင်နွေးနွေးမှာ စီးကျ
ခုတော့
နင်လက်ဖ၀ါးမှမဟုတ်ရင်
ဘယ်ပုဝါပါးနဲ့မှ ဒီမျက်ရည်တွေလည်း
မခြောက်သွေ့ချင်တော့ပါဘူး
ငါ့မှာ…အကျင့်ကြီးကိုဖြစ်လို့ 
…………………………….
ဒီလိုနဲ့ ငါ ….ငိုနေခဲ့တာ
ကျင့်သားဖြစ်လာတယ်
နင် ကုသပေးဖို့ အတွက်
ငါ ဒဏ်ရာတွေ စုဆောင်းထားတယ် အချစ်ရယ်
ဘာ့ကြောင့် ငါ့မှာ
အနာမသေနိုင်ပဲ ရူးနေခဲ့ရသလည်း
နင်
ရက်စက်တယ်။
မနေ့က နင့်ကို လွမ်းတယ်
ဒီနေ့လည်းနင့်ကို လွမ်းတယ်
မနက်ဖြန်လည်း ငါလွမ်းရဦးမယ်
နင်က ကဝေတယောက်လို့ 
သံသယဖြစ်ကာစ
ငါ
မြွေတကောင်လို နင့်ကို ကြောက်တတ်လာတယ်
ပညာပြပြီး ..တကယ် မပြုစားတော့မှာကိုပေါ့
နင်သိတယ်မဟုတ်လား
ငါက အလိုလိုနေရင်း နင့်အတွက်ဆို ကြွေကျချင်နေတဲ့ကောင်
ဒီလိုဖြစ်လာအောင်လည်း
ငါချစ်တာထက်
နင် ပိုချစ်ပြခဲ့တယ်လေ
ခုတော့……………………
……………..
ခုတော့……………….
……………….
ငါဘာမှမပြောနိုင်တော့ဘူး…………
အ “အ” တယောက်လို တိတ်ဆိတ်
ငါ့မှာ နင်တကယ်မရှိတော့တဲ့အခါ
ပြဿဒါးနိမိတ်တွေသာ အရောင်တောက်လို့ 
ဘ၀ ကိုအမှောင်ချထားရုံတတ်နိုင်တဲ့ကောင်ဖြစ်ကျန်ခဲ့
တကယ်တော့ ဆိုတဲ့ ငါဘ၀ ကိုငါမုန်းတယ်
ဒါပေမယ့်တွေ သိပ်များတဲ့ ကံကြမ္မာကို ငါမုန်းတယ်
ရက်စွဲတွေမှားတတ်လွန်းတဲ့ ငါ့ပြက္ခဒိန်ကို ငါမုန်းတယ်
မဖြစ်နိုင်..နင့်ကဲ့သို့သောဆိုတဲ့အတွေးတွေကို ငါမုန်းတယ်
နင်မရှိတော့တဲ့ ငါ့ အနာဂတ် ကို ငါ ခါးခါးသီးသီးမုန်းတယ်
မုန်းတယ်…နင် မဖြစ်တော့တဲ့ အချစ်တွေကိုလည်း ငါမုန်းတယ်
နင်မပါဝင်တော့တဲ့ ငါ့အရာအားလုံးကိုလည်း ငါမုန်းနေမိတယ်
နင်ငိုနေသလား၊? သုတ်ပေးလို့ မရတဲ့ ငါ့မျက်ရည်တွေအတွက်
နင်သိနေသေးလား? မနက်ဖြန်နဲ့ အနာဂတ်တိုင်းမှာ နင်ရှိနေသေးတယ်ဆိုတဲ့အကြောင်း
နင်မြင်နေရဲ့လား? နင်ဆိုရင်ဆိုတဲ့အတွေးတွေနဲ့ ရူးသွပ်နေတဲ့ငါ့အဆိပ်တွေကို
ငါမမေး မမေးရက်တော့ပါဘူး
ဒါဟာ နင့်အတွက် ငါ့ရဲ့ ချစ်မြတ်နိုးခြင်းစာပါ
နင်မဟုတ်တဲ့သူတွေ ဖတ်တဲ့အခါ ငါ့ကို ကိုယ်ချင်းစာတတ်ပါလိမ့်မယ်
နင်တော့……………မမြင်နိုင်တော့လောက်ဘူးပေါ့
ငါမသိ မသိ ချင်တော့ပါဘူး
နင် ..ဘယ်လိုနေရှာမလည်းဆိုတာ
ဒါဟာ …နင်ရှိနေသေးမယ့် ငါ့ရဲ့ပစ္စုပ္ပန်မျက်ရည်တွေပါ
နင်မဟုတ်တဲ့ လက်ဖ၀ါးတွေ နဲ့ ငါ့ကို ..ပထမဆုံးအကြိမ်အဖြစ် မျက်ရည်သုတ်ခွင့်ပေးပါ
ငါရေးနေတာ နင့်အကြောင်းတွေပါ
နင်ကြားအောင် ငါဟစ်အော်ရင်း
ဒီစာလေး ကို နိဂုံးချုပ်ပါတယ်
နင်မရှိတော့ဘူးဆိုပေမယ့်
ငါဟာ…..နင့်ရဲ့ နံရိုးလေးတချောင်းအဖြစ်မှာ ပျော်နေပါတယ်
မျှော်မနေတော့ပေမယ့်
နင့်နံမည်လေး ခေါ်နေမိတုန်းဆိုတာ နင်သိပါစေ
ငါဟာ
နင့်အတွက် ဘ၀ဆက်တိုင်းမှာ အမြဲရှိနေချင်ခဲ့သူပါ
ပြီးပြည့်စုံသော ချစ်မြတ်နိုးခဲ့ခြင်းတွေအတွက်
နင့်ကို
ထာဝရထက်ရက်လွန်နေတဲ့ငါ့ရင်ဘတ်ထဲမှာ
အမြဲ သိမ်းဆည်းကာ နှစ်သက်ပါ့မယ်
နင် ……. ပျော်ရွှင် ချမ်းမြေ့ နေ နိုင် ပါစေ
(ငါတော့ ..
နင့်အချစ်တွေနဲ့အတူ
ကျန်ရစ်နေသေးသော နင့်ကဲ့သို့သောဝဋ်တွေ ခံယူရင်း
ဘ၀ ကို တိတ်တဆိတ် ဖြတ်သန်းဖို့ ကြိုးစားနေရတုန်းပါပဲ….
တခါတခါတော့ ..
နင့်ပုခုံးလေးမှီလို့ 
ငါ ဘာတွေခံစားနေရတဲ့အကြောင်း..
ရင်ဖွင့်တိုင်ပြောရင်း ….ငိုချနေချင်မိသေးတယ်)
Comment #2
I know,,I believe,,,u’ll meet the best one in ur life.
Wishing u have all the best.
😛

Comment #3
ကျွန်တော့် ညီမချစ် အိလေး ကျေးဇူးပါကွယ်….

Comment #4
No need par naw coz We r lovely sisters.
Really nice creation.
I always feel like ur poems truely.

Comment #6
အမှတ်တရ….
တော်တော်ဝမ်းနည်းစရာကောင်းခဲ့တဲ့အတိတ်တွေပါပဲလား…မမိုးရာ

Comment #1
Ma moe ye,,,,,,
:'(
:'(
:'(
:'(
:'(