သွေးစိမ်းထွက်မှ ဒဏ်ရာတဲ့လား . . . . . ချစ်သူ
ငါက အတိတ်ထဲမှာပဲ တစ်ဝဲလည်လည်
ပျော်ပိုက် ကျက်စားနေတဲ့သူ . . .
ငါက ရင်ထဲက ဒဏ်ရာအကွဲအပြဲကို
ချုပ်ရိုးမတင်ပဲ ဗြန်းဗြန်းကွဲအောင် ဆက်ခံစားနေတဲ့သူ . . .
ငါက ရှေ့ကိုမကြည့်ပဲ သမင်လည်ပြန်နဲ့
ငါ့ ခန္ဓာကိုယ်ကို အပြင်းအထန်မောင်းနှင် ရှေ့ဆက်စေတဲ့သူ . . .
ငါက တဆစ်ဆစ်နာတဲ့ရင်ကို တသသလုပ်ပီး
နှလုံးသားကို ဒဏ်ရာ ခဏခဏ ပေးနေတဲ့သူ . . .
ငါက သူများကိုအယုံအကြည်မရှိပဲ တစ်ကိုယ်တည်းတိတ်ဆိတ်မြိုသိပ်ရင်း
တလောကလုံးကို မုန်းနေတဲ့သူ
ရပလား . . . ဒါတောင် မိတ်ဆက်ပဲရှိသေးတယ်
သွေးစိမ်းထွက်မှ ဒဏ်ရာမထင်နဲ့ ချစ်သူ . . .
အနာပုပ် အနာဆွေးကလဲ တစ်ချိန်က လတ်လတ်ဆတ်ဆတ် ဆွဲဖြဲခံထားရတဲ့ အသားကောင်းတစ်စပါ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Oh,,god.
Hote tar pe naw..
:'(
Nar le twar par p.