“တံခါး” ၊မင်းထက်ညိမ်း
“ တံခါး”
မင်းထက်ညိမ်း
*လောက ကွင်းပြင်ထဲ
ငါ တစ်ယောက်ထဲလား
ဒီလိုပဲ
စိတ်ညစ်ဖွယ် ကစားနေရမလား
ဘ၀က
ဒုက္ခတရားနဲ့ အချိတ်အဆက်မိခဲ့တယ်
ဒီမှာ
စိတ်ကူးဓါတ်တိုင်တွေ ကျွမ်းသွားပြီ
အသက်ဓါတ် အားနည်းနေတဲ့ ကြယ်မှိန်မှိန် တချို့
အဆက်မပြတ် ပဲ့တင်ထပ်နေတဲ့ အော်သံ တချို့
(သူတို့လည်း ဝေဒနာ တစ်ခုခု ကို ခံစားနေရပုံပဲ)
လေဟာ
မျှော်လင့်ချက် ခန်းခြောက်နေတဲ့ ၀ိညဉ်လို
ကွင်းပြင်ထဲ
တရွေ့ရွေ့ ဖြတ်လျှောက်လို့
အမှောင်ထုဟာ
ဘာမျှ မမြင်ရဘဲ အတောက်ပဆုံး လင်းထိန်လို့
ဒီလိုပါပဲ
ငါတို့ရဲ့ ညတွေလည်း…………….
…………………………………………။ ။
မင်းထက်ညိမ်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
i like it !