မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်း..
တစ်သက်မှ တစ်ခါပဲ
မချစ်ဖူးသေးတဲ့ နှလုံးသားသစ်တစ်စုံနဲ့
နင့်တစ်ယောက်တည်းပဲ
စွဲနင့်စွာ ချစ်ခဲ့မိတာပါ..
တိမ်တွေလို အရောင်မပြောင်းလဲ
နေရာမရွေ့ဘဲ သက်ဆုံးတိုင်ချစ်ဖို့
နှလုံးသားကိုစတေး မီးဆိုတာကို
သိရဲ့ ဝင်ထိုးမိတာဟာ
ချစ်လွန်းလို့ပါ….
ဒီရေလို မြင့်လိုက်၊နိမ်လိုက်နဲ့
အချစ်ကို ကစားဖို့
မကြိုးစားပါနဲ့ ..အမိရယ်..
ထိလွယ်၊ရှလှတတ်တဲ့
နှလုံးသား အနုလေးမို့
ပြင်းထန်တဲ့ စကားလုံးများနဲ့
မုန်တိုင်းမတိုက်လိုက်ပါနဲ့
နားခိုစရာမဲ့၊ အိမ်ယာမရှိတဲ့
လွမ်းညတွေကို မကျော်ဖြတ်ရဲလို့ပါ..
မှန်ပါတယ်.
နင့်ကြောင့် ငါပျော်ခဲ့ဖူးတယ်
နင့်ကြောင့် ချစ်တတ်ခဲ့တယ်..
နင့်ကြောင့် ရင်ခုန်တတ်ခဲ့တယ်..
နင့်ကြောင့်ပဲ ငါလွမ်းခဲ့ရတယ်…..
နင်ဇာတ်လမ်းကို
နင်ကိုယ်တိုင်ပဲ သရုပ်ဆောင်
နင်ကိုယ်တိုင်ပဲ လူကြမ်းလုပ်
နင်ကိုယ်တိုင်ပဲ ဒါရိုက်တာ
နင်ကိုယ်တိုင်ပဲ ဇာတ်ညွန်းရေးခဲ့ပြီး
ဇာတ်သိမ်းပိုင်းမသတ်ခဲ့ဘူးနော်..
ဟုတ်မှာလေ..
နင်ပျော်စရာ ဖန်တီးပေးတဲ့
ရုပ်သေးရုပ်လေးဟာ ငါပါ
နင်လိုရာကို ကခိုင်း
နင်မလိုတဲ့အခါ ချောင်ထိုးထားခံရတဲ့ အဖြစ်ပါ..
ဒီစကားတွေလည်း အက်ကြောင်းထပ်
လွမ်းတယ်၊ချစ်တယ်ဆိုတာနဲ့ပဲ
ဘဝတစ်ခုကို တည်ဆောက်ဖို့မဖြစ်နိုင်ဘူးဆိုတာ
ငါသိခွင့်ပေးခဲ့တဲ့ နင်ကို ကျေးဇူးပါ..
စိုး….
Comment #1
thz so much