အညတရ
ဒီလိုပါ ကျွန်တော် ကဗျာဆရာပါ
မနေ့ကတော့ နေမကောင်းဘူး
မနက်ဖြန်လည်း ….ဖျားနေလိမ့်မယ်
(ခက်လွန်းတယ်)
အရာရာဟာ ကျွန်တော့်အတွက်
ဒီနေ့ဟာငရဲမှန်း ဒီစာရေးတဲ့အချိန်မှာ ကျွန်တော်သိတယ်
ခင်ဗျားတော့…သိချင်မှသိမယ်
သူများကိုထိုးတတ်တဲ့ လက်ညှိုးမှာ
စာနာစိတ်တွေ ပဲ့ကျနေတော့လည်း
အမြင်တွေဟာ…တခါတခါထက် ပိုဝါးနေမယ်
မှန်..ပုံမှန်ကြည့်ပါ
(မလိုပါဘူး)
ခွက်သေးခွက်ငယ်ခွက်ကြီး
ကျွန်တော်က ဖား
ရေအိုင်ငယ်လောက်နဲ့ ဖြစ်တယ်
အမေမွေးတယ်ဆိုတာယုံရင်
အမေပဲ ပူပန်ပေးမယ်ဆိုတာလည်းယုံ
(ဘာလိုလို နဲ့)
လူကို ပုံစံထဲခွက်ထည့်…မွှေမနှောက်ချင်နဲ့။
ခု
ကျွန်တော်
မငိုဘူးလို့ပြောရင်ယုံ
ဒီကမ္ဘာမှာ
အားမနာတတ်သူများနေ့ရှိတယ်
ကိုယ်ချင်းမစာတတ်တဲ့ဆုပေးတော့မယ်
ကျွန်တော့်အတွက်လည်း
ဆု
တခုရတယ်
ဝမ်းမနည်းတတ်တဲ့ကဗျာဆရာ
အစုတ်အပဲ့ဆု
ကျေးဇူးပြု၍….အများသူငါ
မနာလို မဖြစ်ရ။
Comment #2
ဒီကဗျာပုံစံက အရင်ပုံစံတွေနဲ့မတူ
ကွဲထွက်နေတယ်လို့ ခံစားရတယ်
အရင်ကဗျာပုံစံတွေထက် ပိုကြိုက်တယ် 🙂
Comment #4
မမိုး….good…မိုက်တယ်…
Comment #1
😛