အလွမ်း
အလွမ်း
ရေမြေတွေခြားပေမဲ့ ပြန်ဆုံမဲ့နေ့ဆိုတာ
ကမ္ဘာတည့် သရွေ့ပေါ့
ငါရင်မှာ နင်ရှိသလို့
နင်ရင်မှာလဲ ငါရှိပေးပါ
ဒါဆိုရင် ရှေ့ကိုဆက်လို့ရပြီ
တီးခတ်လိုက် တိုင်းသံစဉ်တူတေးသွားလေတွေ
ညိမ့်ညိမ့်ညောင်းညောင်းနဲ့ လွင့်ပျံလာလိမ့်မယ်
တခါတလေတော့ အလွမ်းဆိုတာရှိတယ်လေ
အလွမ်းဆိုတာမဖိတ်ခေါ်ပဲ့ အလည်လာတတ်တဲ့ဧည့်သည်ပဲ့လေ
မကြည်ဖြူပေမဲ့ တာဆီးလိုမှမရတာ
ဒီလို့နဲ့ ငါဘ၀ရဲ့နေ၀င် နေထွက်
ဝင်သက် ထွက်သက်တိုင်းမှာ
နင်သာအရှင်
နင်သာသခင်ပေါ့
လွမ်းနေသူ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
thz so much,
😛