ငါဟာငါမဟုတ်တော့ပါလား
ဒါဟာ ငါ့ပြောတာမှ ဟုတ်ရဲ့လား………
ဒါဟာ ငါလိုချင်တာ ဟုတ်ရဲ့လား……..
မသေချာ မရေရာမှုတွေနဲ့
ဘ၀လမ်းကို လျှောက်မိနေတာ
ငါဟာ ခံစားချက်မဲ့နေသလိုပဲ
ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေကြားမှာ
အရူးတစ်ယောက်လို မသိချင်ယောင်ဆောင်ရင်း
တကယ့် အရူးလို ငါဖြစ်နေပြီ
ဖုံးကွယ်မှုတွေရဲ့ နောက်ကွယ်က အစစ်အမှန်တွေ
ငါမထိတွေ့တာ ကြာလာတော့
ငါရှာတဲ့အချိန် သူတို့အတွက်
ငါက သူစိမ်းတစ်ယောက်လို ဖြစ်နေပြီ
တစ်ချိန်က ငါ ကို
တစ်ခါ တစ်ခါ တမ်းတရင်း
ငါဟာ ငါမဟုတ်တော့ပါလား……….
Comment #2
hote de,,han saung tar lone wa kaung bu

Comment #4
လင်း…ရေးထားတာ..တကယ်မိုက်တယ်ဗျ….
ကြိုက်တယ်…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ် ဗျာ ကျွန်တော် နဲ့ တိုက်ဆိုင်လို့  fb မှာ share လိုက်ပီနော် ခွင့် တောင်းပါတယ် ….အမြဲတမ်းအားပေးနေပါတယ်