လမ်းကလေးရဲ့ရာဇ၀င် (မိုးဇက်)
ဒီလမ်းလေးထဲ
မိုးသည်းသည်းမှာ
မင်းနဲ့ငါတွေ့
ရင်ခုန်နေ့တွေ ဘယ်မမေ့ပါ။
ဒီလမ်းလေးထဲ
တူနှစ်ကိုယ်တွဲ
ချစ်ဆည်းလည်းသံ
တလွင်လွင်ညံခဲ့ ပျော်ရွှင်ခဲ့သည်။
ဒီလမ်းလေးထဲ
ကျောခိုင်းလမ်းခွဲ
ရပ်စဲခဲ့သည်
ရင်နာနာနဲ့အသဲကွဲဖူးသည်။
ဒီလမ်းလေးထဲ
တစ်ယောက်တည်းဆွေး
မှိုင်ငေးတွေးသည်
ထိုင်ဆွေးဖူးသည်
ကုန်လွန်ခဲ့သောနေ့များဆီ….။
သတိတရဖြင့်……
Comment #3
:'(
:'(
:'(
By: ei lay at Aug 23, 2012
Comment #4
အကို…ကဗျာတိုတိုလေးနဲ့..ခံစားချက်တွေပြည့်နေတယ်ဗျ…
ခံစားအားပေးသွားပါတယ်…အကို
By: poem.poem28 at Aug 24, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုမိုးဇက်ကြီး ကွဲနေတာလားဗျ… စိတ်မကောင်းဖြစ်သွားတယ်ဗျာ
.
ကဗျာကောင်းလေးအတွက် အားပေးလျှက်