လျှောက်
ဘယ်နေရာမှာ ချခင်းလိုက်ရမှန်း မသိတာလည်းမဟုတ်
လမ်းကြီး တရမ်းရမ်း ထမ်းပိုးထားရတာ မပင်ပန်းဘူးလား
ဘယ်သော့နဲ့ဖွင့်လို့မှ မပွင့်နိုင်လောက်အောင် အသေခတ်ထားလည်း
ဘယ်သူ့မှာမှ အပြစ်မရှိ
အစကတည်းက ကိုယ်စောင်းဝင်တိုက်မယ်တကဲကဲမဟုတ်လား
ကျွန်တော့်ချစ်သူက မျက်မှန်လေးတ၀င့်ဝင့်နဲ့
ကျွန်တော့်လို ရိုးရိုးသားသား အူကြောင်ကြောင်လေးပဲ
သူလည်း အဆင်မပြေဘူး၊ ကျွန်တော်လည်း အဆင်မပြေဘူး
အဆင်မပြေတဲ့အကြောင်း ပြောရင်း
နှစ်ဦးသား စိတ်တူကိုယ်တူ ရယ်မောပစ်လိုက်ရတာ
ဒုက္ခတရားကို ချိုစေတယ်
မျက်လုံးတွေနဲ့ တွန်းရွှေ့တာ ခံလိုက်ရ
စကားလုံးတွေနဲ့ တွန်းရွှေ့တာ ခံလိုက်ရ
စကားလုံးတွေနဲ့ တွန်းရွှေ့တာ ခံလိုက်ရ
သိက္ခာတရားလည်း မျက်ကလူးဆန်ပြာ ရွှေ့ပြောင်းနေရတော့တာပဲ
သူများကန်မယ့် ပယ်နယ်လ်တီအတွက်
ကိုယ့်ဘ၀ကိုယ် တည်တည်ပေးနေရတော့
လူတိုင်းကိုယ်စီ သံဝေဂရစရာတွေ အပြည့်
ခန္ဓာကိုယ်ထဲကနေ စိတ်ကို နှုတ်လိုက်ရင်
အရိုးနဲ့အရေပဲ ကျန်တော့တယ်
အဖေ့ကရားအိုးထဲမှာ လရောင်တွေ လက်ကျန်ရှိနေသေးရင်
ခန္ဓာကိုယ်ထဲကနေ စိတ်ကို နှုတ်လိုက်ရင်
အရိုးနဲ့အရေပဲ ကျန်တော့တယ်
အဖေ့ကရားအိုးထဲမှာ လရောင်တွေ လက်ကျန်ရှိနေသေးရင်
ကျွန်တော် ပြန်လာမှ ငှဲ့တိုက်ပါ
ဘ၀ဆိုတာ အဖေကြိုက်ခဲ့ဖူးတဲ့အရက်တစ်ခွက်လို
အရသာရှိရှိ ခါးသက်တတ်ဖို့ပါပဲ
အရသာရှိရှိ ခါးသက်တတ်ဖို့ပါပဲ
ကိုသျှား
Comment #2
like
By: htatmyataung at Aug 25, 2012
Comment #4
get lots of encouragement
thz so much
By: ei lay at Aug 31, 2012
Comment #5
ခန္ဓာကိုယ်ထဲကနေ စိတ်ကို နှုတ်လိုက်ရင်
အရိုးနဲ့အရေပဲ ကျန်တော့တယ်
အဖေ့ကရားအိုးထဲမှာ လရောင်တွေ လက်ကျန်ရှိနေသေးရင်
ကျွန်တော် ပြန်လာမှ ငှဲ့တိုက်ပါ
ဘ၀ဆိုတာ အဖေကြိုက်ခဲ့ဖူးတဲ့အရက်တစ်ခွက်လို
အရသာရှိရှိ ခါးသက်တတ်ဖို့ပါပဲ
By: နွေ at Mar 6, 2013
Comment #6
🙂
By: ei lay at Mar 6, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Nice creation