ခါးနေသောလမ်းခွဲခြင်း
ငါမလိုချင်ခဲ့ဘူး
နင်ပြောခဲ့တဲ့ လမ်းခွဲစကား
ခါးမှန်းသိရဲ့နဲ့
နင် အတင်းမျိုချခိုင်းတယ်..
မျှော်လင့်ချက်တွေ အထပ်ထပ်ပေး
တောင်တက်သမားလို
တောင်ထိပ်ရောက်မှ
ကြိုးဖြတ်ချရသလိုပဲ
ငါဘဝက ခိုကိုးရာမဲ့ခဲ့ပါတယ်..သက်ထားရယ်..
ငါမယုံကြည်နိုင်ခဲ့ဘူး
နင်ပါးစပ်က ထွက်ကျလာတဲ့
လမ်းခွဲစကားတွေကို
နားရှိလို့သာ ကြားရတာ
ငါတကယ် မထင်ခဲ့မိဘူး..
ငါလိုချင်ခဲ့တဲ့
နင့်ဆီက အချစ်တစ်ခု
ပိုင်ဆိုင်ခွင့်လေး ရရုံလေးပဲရှိသေးတယ်..
ကြိုးပျက်သွားတဲ့ စွန်ကလေးတစ်ခုလိုပဲ
လွင့်ချင်ရာလွင့်ဆိုပြီး
နင် နှင်ထုတ်ခဲ့တယ်နော်…
ငါကဘဲ မှားတာလား
နင်ကဘဲ မှားတာလား
အပြစ်မရှိဘဲနဲ့ ချစ်ခဲ့တဲ့
နှလုံးသားတစ်စုံကို
အရောင်မဆိုးချင်စမ်းပါနဲ့ သက်ထားရယ်….
ငါရင်မှာ နင့်တစ်ယောက်တည်း
စွဲနင့်စွာနဲ့ ချစ်ခဲ့မိတာဟာ
ဖြူစင်မှုရဲ့ သက်သေပါ…
လမ်းခွဲတာမကြာသေးသော ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကို ခံစားထုဆစ်ရင်း
စိုး……
Comment #2
အားပေးသွားပါတယ်။
Comment #3
ငါလိုချင်ခဲ့တဲ့
နင့်ဆီက အချစ်တစ်ခု
ပိုင်ဆိုင်ခွင့်လေး ရရုံလေးပဲရှိသေးတယ်..
ကြိုးပျက်သွားတဲ့ စွန်ကလေးတစ်ခုလိုပဲ
လွင့်ချင်ရာလွင့်ဆိုပြီး
နင် နှင်ထုတ်ခဲ့တယ်နော်…..
….ခံစား..အားပေးသွားပါတယ်… ကြိုက်တယ်ဗျ.
Comment #1
:'(
:'(
:'(