ငါ့အပြစ်မို့ပါ
မေ့နိုင်လိမ့်မယ်လို့ ငါစိတ်ကူးရင်း
အချစ်ကိုကြိုးကို အလွမ်းနဲ့ငါဖြတ်ခဲ့တယ်
တကယ်မလွယ်မှန်း သိလိုက်တော့
အချိန်တွေနောက်ကျသွားခဲ့ပြီ…
ဘာတတ်နိုင်ဦးမှာလဲ
အချစ်ကံခေတယ်လို့ပဲ ကံကိုသာပုံချ
အလွမ်းတွေနှိပ်စက်လို့
အရမ်းလို နွမ်းနယ်နေရပြီ
ငါအပြစ် ငါအပြစ်ပါလို့
အကြိမ်ကြိမ် ရင်ထုနေရင်း
အလွမ်းညတွေ လွမ်းအသက်တွေရှည်ခဲ့ပြီ….
ငါခံစားရတာဟာ
နင့်အတွက် ဟာသတစ်ပုဒ်
နင့်အတွက် ပျော်စရာတစ်ခုဖြစ်နေလိမ့်မယ်
ငါမှာတော့ နေ့နဲ့ည
အမြဲမှားနေခဲ့တယ်..
နင်ကတော့ အပြုံးမပျက်ဘဲ
လှောင်ရီသံတွေနဲ့ စည်းဝါးလိုက်
တဒုန်းဒုန်းခုန်နေတဲ့
ငါရင်ခုန်သံတွေက နင့်အတွက် တေးသွားဖြစ်နေလို့လား…
အားလုံးဟာ ငါ့အပြစ်ပါ.
ငါမှာရှိသမျှ အားလုံးကို
တစ်ချက်မငြီးဘဲ
နင့်အတွက်ဆိုပြီး ပေးဆပ်ခဲ့တာကိုက
ငါမှားတာပါ..ငါ့အပြစ်ပါ..
အရက်နဲ့ဖြေသိမ့်
ကဗျာနဲ့နှစ်သိမ့်ပြီး
နင့်အတွက် သီချင်းတစ်ပုဒ်နားဆင်ဖို့အတွက်
ငါရင်ဘတ်ကြီးကိုစတေးခံ
ဟာသလို့ထင်တဲ့ ရင်ခုန်သံက ဘေ့စ်လိုက်
အသဲကွဲသံတွေက ဒရမ်အဖြစ်နဲ့
ဆိုသူမရှိဘဲ သီချင်းတစ်ပုဒ်ဆုံးသွားတာ
ငါ့အပြစ်ပါကွာ..
မကြာသေးခင်က အသဲကွဲသမားလေးရဲ့ ခံစားချက်လေးကို ထုဆစ်ရင်း
စိုး…
Comment #2
Like
Comment #1
:'(
:'(
:'(