FIRST LOVE
ဟော … နားထောင်ကြည့်
ဥယျာဉ်ထဲက ပွင့်တဲ့ ပန်းတစ်ပွင့်လို
ချစ်ရေးချစ်ရာ ဆွံ့ အခြင်းပင်လယ်မှာနစ်မြုပ်
ကိုယ်စွမ်းကိုယ်စ နည်းရှာသူအတွက်
မျောလွင့်ခွင့် ဆိုတဲ့ပင်လယ်မှာ စမ်းတ၀ါးဝါးမျက်နှာဖုံးတစ်ခုနဲ့
ခြေသံဝှက်လို့ အသည်းအသန် ကူးခတ်ရှာဖွေနေဆဲ
ဟောတွေ့ ပြီထင်ပါရဲ့ Annonymous တဲ့
တစ်ကယ်ပါ သူလာရာလမ်းမှာ
နှလုံးသားရဲ့ လက်ခုပ်သံမုခ်ဦးကိုတည်ဆောက်
ကိုယ့်ရှေ့ ရောက်လည်းရောက်ရော
ခင်ကျင်းထားသမျှနှလုံးသားသစ်ပင်မှာ ရေးမယ့်မှတ်တမ်း
အလွမ်းလမ်းတွေပေါ် လူတကာမမြင်အောင်သိမ်းထုပ်
နေ့စဉ်နဲ့ အမျှ ကိုယ့်ရဲ့ နှလုံးသားလေးက
သူ့ မျက်နှာလေးကို ခိုးကြည့်နေဖို့တစ်ခုတည်းရယ်ပါ
ရှင်းလင်းချက်တွေဘယ်သူမှမတောင်းပဲသိစေချင်တာက
ခိုးကြည့်နေကျ ကိုယ့်ရဲ့အကြောင်း
အရိုးခံ ရင်ခုန်သံတွေနဲ့ သူ့ ရှေ့ချပြခဲ့ချင်ပေမဲ့လည်း
တစ်ခါတစ်ခါ သူ့မျက်နှာလေးကိုခိုးကြည့်နေဖို့တစ်ခုတည်းရယ်ပါ
တစ်ခါတစ်ခါ ခိုးထုပ်ခိုးထည်နဲ့မိလို့ အကြည့်တွေကအပြင်းဖျားသွားပေမဲ့
သူကတော့ ပြုံးပြတတ်ပေတယ် . . . သည်မျှပါပဲ
ချစ်မိသူတစ်ယောက်ကို ချစ်လိုခြင်းတစ်ခုတည်းသက်သက်အတွက်
ငါ့ရင်ဘတ်ထဲကမင်း ငါ့အတွေးတွေထဲကသူ ရည်ရွယ်သူ U ပြောချင်တာလေးကတော့ . . .
မှော်ဆန်စွာပွင့်ဝေနေတဲ့ မင်းအပြုံးတွေကို ဘယ်တော့မှမမေ့ဘူး ဘယ်တော့မှမမေ့ဘူး
@_@ရည်ရွယ်သူ စိတ်တွေက နှင်းပွင့်တွေပေါ်ယိုင်နေပြီပဲ
ခင်ဗျားအပြုံးလေး အေးမြနေတယ်ဆိုရင် ထားလိုက်ပါတော့ ရှေ့ တစ်လှမ်းတိုးဖို့ နေပါစေတော့
ဆုံတွေ့မိတဲ့အခါတိုင်းသာ ဥယျာဉ်ထဲပထမဆုံးပွင့်တဲ့ ပန်းတစ်ပွင့်လို ရှိပါစေတော့
ခိုးကြည့်ဖူးတဲ့မျက်နှာလေးရေ ကြိုရောက်နှင့်နေတဲ့ ကိုယ့်အကြည့်တွေအတွက် . . .
ကြည့်စမ်းပါဦး ရူးမိုက်စွာတမ်းမက် အရူးတစ်ယောက်လို့ သာ ပြက်ရယ်ပြုလဲပြုပါစေတော့
ဘာပဲပြောပြော တစ်ခုတည်းသောတနင်္ဂနွေမှာထင်ကျန်ဆဲ ခြေရာတစ်စုံကို
နှလုံးသားနဲ့ပဲ့တင်ထပ် ရင်ထဲရှိသမျှပုံအောပြီးတမ်းတ
ကိုယ့်ကိုကိုယ်မှတ်မိနေသရွေ့ တော့
ခိုးကြည့်ဖူးတဲ့မျက်နှားလေးကိုသာ တစ်ဖန်ပြန်လည်ခိုးကြည့်ချင်သေးတယ်
CRAZY လို့ ပဲဆိုဆို . . . LIKE လို့ ပဲဆိုဆို . . .
ရင်ထဲမှာအချိုဆုံးအတွေးလေးတွေနဲ့ခေါ် ကြည့်မယ် . . . အ.ကို.
တိတ်တိတ်လေးနေပြန်တော့လည်း နှလုံးသားကလှိုက်လှိုက်ခုန်
( မင်းအပြုံးလေးတွေက ဓါးဆိုရင် ငါ့ရင်ခွင်ကိုစိုက်လှည့်ပါလား )
နှလုံးသားမှာအချစ်ကို ရရှိခဲ့ပါတယ် ဘယ်သူတွေဘယ်လိုပြောနေပါစေ
ဒဏ်ရာဗရပွနဲ့ ခုပြန်တွေးလည်းစိတ်မညစ်ပါဘူး . . .
ကျွန်တော်သူ့ ကို ဘယ်တော့မှမမေ့ဘူး ဘယ်တော့မှမမေ့ပါဘူး
ဒါအိမ်မက်မဟုတ်ဘူး . . . . . . အိမ်မက်မဟုတ်ဘူး
ငါမမေးရက်ပေမဲ့ မေးခဲ့ရပြန်ပြီး …………………………………
တစ်ကယ်တော့ မင်းကိုချစ်ခဲ့ပြီ ( FIRST LOVE )
Comment #3
Hlaung par bu.
Ei lay khan sar ya Dar ko pyaw Dar par naw
Comment #1
😛
😛
😛
shane tane tane phane tain tain phyit lar dar par,