Professional Authors

” နင်သိဖို့ ရာ ဆန္ဒလေးပါ “

နင်က ယုံကြည်ချက်ကို ကိုးကွယ် ခံစားချက်တွေ လျစ်လျူရှု

ငါထင်တာထက်တောင် ဥပေက္ခာတရား ထားနိုင်နေမှတော့ စိတ်ချ

မတူညီလွန်းတဲ့ ခံယူချက်တွေအောက်မှာ သွေးခဲသွားမယ့် ရင်ခုန်သံတွေကို သောကမျက်ရည်နဲ့ နွေးစေပြီး

နင့်ဆီမှာ ဆန္ဒ တစ်စုံရှိနေသေးမယ်ဆိုရင်ပဲ

မြေပေါ် ချပေးလိုက်ရတဲ့ ငါ့သိက္ခာအတွက် နောင်တဆိုတာလဲ မရှိစေရဘူး ငါ့မာနတွေ လောင်တိုက်သွင်းဖို့

ငါနောက်မဆုတ် တော့ပါဘူး….ငါ တစ်ကယ်လိုချင်ခဲ့တာက

နင့်ရဲ့ ရွေးချယ်မှုမဟုတ်ပဲ မြတ်နိုးတန်ဖိုးထားမှု လေးတစ်ခုပါပဲ..

သေချာတာက ငါမရင့်ကျက်သေးပါဘူးထင်ပါရဲ့

ဆူးတော့ဆူးပဲ ဒါပေမယ့် အဆိပ်လူးတဲ့ ဆူးဖြစ်နေတော့ ငါ ရူးသွားတယ်လေ …

တူညီရင် လက်တွဲ မတူညီရင် ငြင်းခုန်

ဆုံစည်းချင်တဲ့ ဆန္ဒတစ်စုံသာ ရှိနေရင် မျှော်လင့်လို့တော့ ရနိုင်ကောင်းပါရဲ့လေ….

တာကျိုးတဲ့ မြစ်တစ်စင်းလို ငါ့မျက်ရည်တွေ ခင်း

နင်နင်းဖို့ ငါ့ရင်တစ်စုံ အသင့်ရှိနေသေးသ၍ နင် ဘယ်တော့မှ ငါ့အတွက်နဲ့  လဲမကျစေရပါဘူး…..

In: ကဗျာ Posted By: Date: Aug 28, 2012
Comment #1

excellence … nice poem !

commentinfo By: rabbit at Aug 28, 2012
Comment #2

:'(
:'(
:'(

commentinfo By: ei lay at Aug 28, 2012
Comment #3

တာကျိုးတဲ့ မြစ်တစ်စင်းလို ငါ့မျက်ရည်တွေ ခင်း

နင်နင်းဖို့ ငါ့ရင်တစ်စုံ အသင့်ရှိနေသေးသ၍ နင် ဘယ်တော့မှ ငါ့အတွက်နဲ့ လဲမကျစေရပါဘူး…..

commentinfo By: Shilo Shawty Shadow at Aug 29, 2012
Comment #4

Like it

commentinfo By: Ngeo at Aug 29, 2012
Comment #5

ဟာ….ဗျာ
တော်တော် ကောင်းတဲ့ဆန္ဒလေးပါပဲ
နင်နင်းဖို့ ငါ့ရင်တစ်စုံ အသင့်ရှိနေသေးသ၍ နင် ဘယ်တော့မှ ငါ့အတွက်နဲ့ လဲမကျစေရပါဘူး…..
ကြိုက်တယ်ဗျ

commentinfo By: poem.poem28 at Aug 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment