နှစ်ဦးသား ၊ မင်းထက်ညိမ်း
`နှစ်ဦးသား´
မင်းထက်ညိမ်း
*အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ မလွယ်ဘူး
အခြေအနေအရ အရာမထင်တဲ့ ခြေလှမ်းတစ်စုံနဲ့
ပြောမပြချင်တဲ့ စကားတချို့နဲ့
အား နာ တယ်
အကြိမ်ကြိမ် အထပ်ထပ် ခေါက်ရိုးဖြေပြလည်း အပိုပဲ
တစ်နယ်တစ်ကျေး
ငါ လည်း စိတ်မအေးရသလို
မင်း လည်း စိတ်ပူနေရတယ်
နှစ်ဦးသား
အမြဲတမ်း ဆက်သွယ်မှုဧရိယာ ပြင်ပ မှာ…….။ ။
မင်းထက်ညိမ်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service